EV Bike ကုမ္ပဏိတစ်ခုဖြစ်တဲ့ Yadea ဟာ လက်ရှိအချိန်မှာ ဥရောပစျေးကွက်အတွက် VF F200 လျှပ်စစ်စကူတာဆိုင်ကယ်အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ အဆိုပါ လျှပ်စစ်စကူတာရဲ့ ထူးခြားချက်က Yadea ကုမ္ပဏီတစ်ခုတည်းက ထုတ်လုပ်တာမဟုတ်ဘဲ Porsche နဲ့ ပူးပေါင်းထုတ်လုပ်ခဲ့တာပဲဖြစ်ပါတယ်။

Porsche ဟာ လက်ရှိအချိန်မှာ ပြိုင်ကားတွေအပြင် တခြားသော ကားအများအပြားထုတ်လုပ်နေတဲ့ ကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး ကိုယ်တိုင်လည်း လျှပ်စစ်ကားတွေကို ထုတ်လုပ်နေတာဖြစ်ပါတယ်။ ဒါကြောင့် အခုလိုမျိုး Yadea ကုမ္ပဏီနဲ့ ပူးပေါင်းပြီး VF F200 လျှပ်စစ်စကူတာကို ထုတ်လုပ်တာက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

ဘာပဲဖြစ်ဖြစ် အခုလို Porsche ကုမ္ပဏီနဲ့ ပူးပေါင်းထုတ်လုပ်ထားတဲ့အတွက် Yadea VF F200 လျှပ်စစ်စကူတာဟာ ဒီဇိုင်းပိုင်းမှာ တော်တော်လေးကို လှပတယ်လို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် L3e Category အတွင်းမှာ စွမ်းဆောင်ရည်အမြင့်ဆုံးဖြစ်သလို ပုံမှန် 125cc ဆိုင်ကယ်နဲ့ စွမ်းဆောင်ရည်ပိုင်းမှာ ယှဥ်ပြိုင်နိုင်တယ်လို့ သိရပါတယ်။

Specification ပိုင်းအနေနဲ့ F200 စကူတာဟာ 11kW Power ထုတ်ပေးနိုင်ပြီး 236Nm Torgue ပါဝင်မှာဖြစ်ပါတယ်။ 0-30mph ကို ၂.၅ စက္ကန့်အတွင်းသွားနိုင်မှာဖြစ်ပြီး အမြင့်ဆုံး တစ်နာရီကို ၆၂ မိုင်နှုန်း မောင်းနှင်နိုင်မှာပါ။ တစ်ကြိမ်အားသွင်းထားရင် မိုင် ၈၀ အထိ မောင်းနှင်နိုင်တာကြောင့် တော်တော်လေးကို ဝေးဝေးမောင်းနှင်နိုင်မှာဖြစ်ပါတယ်။

Ref – Gizmo China