[Zawgyi]

iPhone ေတြက ဓာတ္ပံုရိုက္ရင္ လံုးဝ Natural အတုိင္းထြက္တယ္ဆိုတဲ့ ခ်ီးက်ဴးစကားက iPhone Xs ေတြမွာ မွားသြားခဲ့ျပီလို႔ ဆိုရမလားပါပဲ..တစ္ခ်ိဳ႕ေတြက်ေတာ့ ပိုငယ္ပိုေခ်ာသြားရင္သေဘာက်ေကာင္းက်ႏုိင္ေပမယ့္ Apple Fan ေတာ္ေတာ္မ်ားမ်ားကေတာ့ ဒါကိုသေဘာမေတြ႔ပါဘူး။ အေၾကာင္းရင္းက ဒီတစ္ေခါက္ iPhone Xs ရဲ႕ Selfie CAmera နဲ႔႔ရိုက္တဲ့ပံုေတြက ဟိုအရင္ iPhone Model ေတြတုန္းကနဲ႔မတူပဲ အရမ္းကို ငယ္သြားေစတဲ့ပံုေပါက္ေနလို႔ပါတဲ့။ ေအာက္မွာသူတို႔ရဲ႕ ပံုနဲ႔ ဘယ္လိုဘဝင္မက်လဲဆိုတာကိုပဲ Twitter မွာတင္ထားပါေသးတယ္။ သူတို႔တင္မဟုတ္ပါဘူး ေတာ္ေတာ္မ်ားမ်ားစိတ္ပ်က္ေနၾကတာပါ။

ပံုေတြရဲ႕ အရည္အေသြးကိုၾကည့္လိုက္ရင္ အရမ္းသိသာေနပါျပီ။ ဒီတစ္ေခါက္မွာေတာ့ Apple ကေန “Beauty Filter” အသစ္ေလးမ်ားထည့္လိုက္လို႔လားေတာ့မေျပာတတ္ပါဘူး အသားအရည္ေတြကအရမး္ညက္ေနတဲ့ပံုနဲ႔ အစက္အကြက္ေတြ ဘာဆိုဘာမွမေတြ႔ရေတာ့ပါဘူး။ အထူးသျဖင့္ Low Light မွာရိုက္ရင္ အရမ္းသိသာပါတယ္။ တစ္ခ်ိဳ႕ကလည္း ဒီလိုၾကီးျဖစ္လာတာက Smart HDR Feature အသစ္ေၾကာင့္လို႔ ေျပာၾကေပမယ့္ Smart HDR ပိတ္ထားလည္း ဒီ Effect အတုိင္းမေျပာင္းလဲပါဘူး။

သူ႔ရဲ႕ ေနာက္ကင္မရာကလည္း ထိုနည္းလည္းေကာင္းပါပဲ Beauty Effect နဲ႔ပါပဲ။ ဒါေပမယ့္ သူက Selfie ပံုေတြေလာက္မဆိုးေသးပါဘူး။ Apple ရဲ႕ သဘာဝဆန္တဲ့ Natural ရိုက္ခ်က္ေလးေတြက အာရွမွာေခတ္စားေနတဲ့ “Beauty Mode” လိုမ်ိဳးနဲ႔အဆံုးသတ္သြားေလမလား? ဒါမွမဟုတ္ ဒါက ေဆာ့ဖ္ဝဲလ္ျပႆနာသက္သက္ပဲဆိုရင္ Update နဲ႔ျပင္ေပးသြားမလား? အနည္းဆံုးေတာ့ ဒီ Feature ကိုသံုးခ်င္ မသံုးခ်င္တဲ့သူေတြအတြက္ အဖြင့္အပိတ္လုပ္လို႔ရမယ့္ Feature ေလးတစ္ခုထည့္ေပးလာဖို႔ေတာ့ ေမွ်ာ္လင့္မိပါတယ္။

Ref: PocketNow

[Unicode]

iPhone တွေက ဓာတ်ပုံရိုက်ရင် လုံးဝ Natural အတိုင်းထွက်တယ်ဆိုတဲ့ ချီးကျူးစကားက iPhone Xs တွေမှာ မှားသွားခဲ့ပြီလို့ ဆိုရမလားပါပဲ..တစ်ချို့တွေကျတော့ ပိုငယ်ပိုချောသွားရင်သဘောကျကောင်းကျနိုင်ပေမယ့် Apple Fan တော်တော်များများကတော့ ဒါကိုသဘောမတွေ့ပါဘူး။ အကြောင်းရင်းက ဒီတစ်ခေါက် iPhone Xs ရဲ့ Selfie CAmera နဲ့ရိုက်တဲ့ပုံတွေက ဟိုအရင် iPhone Model တွေတုန်းကနဲ့မတူပဲ အရမ်းကို ငယ်သွားစေတဲ့ပုံပေါက်နေလို့ပါတဲ့။ အောက်မှာသူတို့ရဲ့ ပုံနဲ့ ဘယ်လိုဘဝင်မကျလဲဆိုတာကိုပဲ Twitter မှာတင်ထားပါသေးတယ်။ သူတို့တင်မဟုတ်ပါဘူး တော်တော်များများစိတ်ပျက်နေကြတာပါ။

ပုံတွေရဲ့ အရည်အသွေးကိုကြည့်လိုက်ရင် အရမ်းသိသာနေပါပြီ။ ဒီတစ်ခေါက်မှာတော့ Apple ကနေ “Beauty Filter” အသစ်လေးများထည့်လိုက်လို့လားတော့မပြောတတ်ပါဘူး အသားအရည်တွေကအရမ်းညက်နေတဲ့ပုံနဲ့ အစက်အကွက်တွေ ဘာဆိုဘာမှမတွေ့ရတော့ပါဘူး။ အထူးသဖြင့် Low Light မှာရိုက်ရင် အရမ်းသိသာပါတယ်။ တစ်ချို့ကလည်း ဒီလိုကြီးဖြစ်လာတာက Smart HDR Feature အသစ်ကြောင့်လို့ ပြောကြပေမယ့် Smart HDR ပိတ်ထားလည်း ဒီ Effect အတိုင်းမပြောင်းလဲပါဘူး။

သူ့ရဲ့ နောက်ကင်မရာကလည်း ထိုနည်းလည်းကောင်းပါပဲ Beauty Effect နဲ့ပါပဲ။ ဒါပေမယ့် သူက Selfie ပုံတွေလောက်မဆိုးသေးပါဘူး။ Apple ရဲ့ သဘာဝဆန်တဲ့ Natural ရိုက်ချက်လေးတွေက အာရှမှာခေတ်စားနေတဲ့ “Beauty Mode” လိုမျိုးနဲ့အဆုံးသတ်သွားလေမလား? ဒါမှမဟုတ် ဒါက ဆော့ဖ်ဝဲလ်ပြဿနာသက်သက်ပဲဆိုရင် Update နဲ့ပြင်ပေးသွားမလား? အနည်းဆုံးတော့ ဒီ Feature ကိုသုံးချင် မသုံးချင်တဲ့သူတွေအတွက် အဖွင့်အပိတ်လုပ်လို့ရမယ့် Feature လေးတစ်ခုထည့်ပေးလာဖို့တော့ မျှော်လင့်မိပါတယ်။

Ref: PocketNow