စွမ်းရည်မြင့် Android စမတ်ဖုန်းတွေမှာ အရွယ်ကြီး ဆန်ဆာတွေကို ပင်မ ကင်မရာတွေအတွက် ထည့်သွင်းလာကြပါတယ်။ လက်ရှိမှာ ၁ လက်မ Sony IMX989 က ဟော့အဖြစ်ဆုံး ဆန်ဆာ ဖြစ်နေပြီး Xiaomi 12S Ultra မှာ စတင် မိတ်ဆက်ခဲ့ပါတယ်။

Sony IMX989, a 1-inch type image camera sensor for smartphones by Jose Antunes - ProVideo Coalition

အဲဒီ ဆန်ဆာကို vivo X90 Pro , vivo X90 Pro Plus နဲ့ Xiaomi 13 Pro တို့မှာလည်း တပ်ဆင်ထားပြီး နောက်ထွက်မယ့် OPPO Find X6 Pro မှာလည်း ပါလာမှာပါ။

အခုတော့ နာမည်ကြီး Leaker ၁ ယောက်က အဲဒီ ၁ လက်မ Sony ကင်မရာ ဆန်ဆာ တပ်ဆင်ထားမယ့် နောက်ထပ် စမတ်ဖုန်း ၁ လုံး ထွက်လာမယ်လို့ ပြောပါတယ်။

Sony and Xiaomi Spend USD15 Million To Develop Camera Sensor For 12S Ultra - Lowyat.NET

Digital Chat Station က အဲဒီ စမတ်ဖုန်းမှာ 50MP Sony IMX989 ၁ လက်မ ကင်မရာ ပါလာမယ်လို့ ပြောပါတယ်။ 120W Fast Wired Charging နဲ့ 50W Wireless Charging ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

Digital Chat Station က အဲဒီ စမတ်ဖုန်း အမည်ကို မပြောပေမယ့် အဲဒီပို့စ်ကို ဝီဘိုမှာ တင်လိုက်ပြီး ကတည်းက လူတွေက ခန့်မှန်းပြောဆိုနေကြပါတယ်။

အဲဒီဖုန်းဟာ Xiaomi 13 Pro Dimensity Edition , Xiaomi Mix 5, Redmi K60 Ultra , vivo/iQOO ဖုန်း ဖြစ်နိုင်ပါတယ်။ မကြာခင်မှာ Digital Chat Station က အဲဒါဟာ ဘာဖုန်းလဲဆိုတာ အသိပေးလာမယ်လို့ ထင်ရပါတယ်။

Ref : gizmochina