Apple ဟာ ပြီးခဲ့တဲ့ M1 iMac ကို မိတ်ဆက်ခဲ့တုန်းက Touch ID ပါဝင်တဲ့ Magic Keyboard ကိုပါ တွဲဖက်မိတ်ဆက်ခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါ Touch ID ပါဝင်တဲ့ Magic Keyboard ကို သီးသန့်ဝယ်ယူချင်တဲ့သူတွေအတွက်ကတော့ ရောင်းချခဲ့ခြင်းမရှိပါဘူး။

အခုအချိန်မှာတော့ Apple ကနေ အဆိုပါ Touch ID ပါဝင်တဲ့ Magic Keyboard ကို သီးသန့်ရောင်းချနေပြီလို့ သိရပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ ပုံမှန် Standard Version ကို $149 (မြန်မာငွေ ၂ သိန်းခွဲဝန်းကျင်) နဲ့ Numpad ပါဝင်တဲ့ Full Size Version ကိုတော့ $179 (မြန်မာငွေ ၃ သိန်းဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။

ဒါပေမယ့် Apple ကနေ သီးသန့်ရောင်းချနေတဲ့ Touch ID ပါဝင်တဲ့ Magic Keyboard ဟာ အရောင်အနေနဲ့ ရွေးချယ်နိုင်မှာမဟုတ်ဘဲ White/Aluminum Color ကိုပဲ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် အရောင်နဲ့လိုချင်တယ်ဆိုရင်တော့ iMac နဲ့ တွဲဖက်ဝယ်ယူမှပဲ အဆင်ပြေမှာဖြစ်ပါတယ်။

Apple ဟာ Magic Keyboard အသစ်အပြင် Update ပြုလုပ်ထားတဲ့ Magic Trackpad ကိုလည်း $129 (မြန်မာငွေ ၂ သိန်း ၁ သောင်းဝန်းကျင်) နဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အဆိုပါ Magic Keyboard နဲ့ Magic Trackpad ၂ မျိုးစလုံးဟာ Lightning Port ကိုပဲ အသုံးပြုပြီး အားသွင်းရမှာဖြစ်ပါတယ်။

အခု Touch ID ပါဝင်တဲ့ Magic Keyboard ဟာ အားနည်းချက်တစ်ခုရှိနေပြီးတော့ အဲ့ဒါကတော့ M1 Chipset ကိုအသုံးပြုထားတဲ့ Mac ကွန်ပျူတာတွေနဲ့ပဲ တွဲဖက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် M1 Mac Mini အသုံးပြုတဲ့သူတွေအတွက်ပဲ Recommend ပေးရမှာဖြစ်ပါတယ်။

Ref – The Verge