Google ဟာ အခုအချိန်မှာ Android အတွက် Music Service ဖြစ်တဲ့ Google Play Music ကို လုံးဝရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်။ ပုံမှန်အားဖြင့် Google Play Music အသုံးပြုသူတွေကို YouTube Music ဆီကို ကူးပြောင်းဖို့အတွက် Recommend ပေးထားပေမယ့် အခုအချိန်မှာနောက်ထပ်ပြောင်းလဲမှုတစ်ခုကိုပါ ပြုလုပ်ခဲ့ပါတယ်။

ဒါကတော့ လက်ရှိမှာ အသုံးပြုသူအများဆုံးဖြစ်တဲ့ Spotify Music Streaming Service ကို Google Account နဲ့ အလွယ်တကူ Login ဝင်ရောက်နိုင်အောင်ပြုလုပ်ပေးလိုက်တာပဲဖြစ်ပါတယ်။ Spotify ဟာ ယခင်တုန်းက Email Address သို့မဟုတ် Facebook နဲ့ပဲ ချိတ်ဆက်ပြီး Login ဝင်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒီလိုမျိုး Google Account နဲ့ Login ဝင်ရောက်နိုင်သွားတာက Spotify အတွက် သီးသန့် Password ထားပြီး အသုံးပြုစရာမလိုတော့တဲ့အတွက် အခုမှစပြီး အသုံးပြုမယ့်သူတွေအနေနဲ့ ပိုပြီးလွယ်ကူသွားမှာဖြစ်ပါတယ်။ လောလောဆယ်မှာ အဆိုပါ Feature ကို Android နဲ့ Web Version မှာရရှိနေပြီဖြစ်ပေမယ့် iOS နဲ့ Windows App တွေမှာတော့ အသုံးပြုနိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

ဒါပေမယ့်လည်း လက်ရှိ Spotify Account ကို Email နဲ့ပြုလုပ်ပြီးသားဆိုရင် တူညီတဲ့ Google Account နဲ့ ချိတ်ဆက်နိုင်မှာမဟုတ်ပါဘူး။ အဲ့ဒီအစား ရှိပြီးသား Email Address နဲ့ Password နဲ့ပဲ ပြန်လည်ဝင်ရောက်နိုင်မယ်လို့သိရပါတယ်။ ဒါကတော့ Spotify ကို အရင်ထဲကအသုံးပြုနေတဲ့သူတွေအတွက် အားနည်းချက်တစ်ခုလို့ပြောရမှာပါ။

Ref – 9to5Google