Apple ဟာ ပြီးခဲ့တဲ့ ဇွန်လတုန်းက ပြုလုပ်ခဲ့တဲ့ WWDC 2021 Event မှာ macOS Version အသစ်ဖြစ်တဲ့ macOS Monterey ကိုပါ မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ macOS Monterey ဟာ UI Design ပြောင်းလဲမှုတွေအပြင် Feature အသစ်တွေပါ အများအပြားထည့်သွင်းပေးထားခဲ့တာဖြစ်ပါတယ်။

အဆိုပါ Feature အသစ်တွေထဲကမှ Universal Control နာမည်နဲ့ Feature ကတော့ လူစိတ်ဝင်စားမှုအခံရဆုံး Feature ဆိုရင်လည်း မမှားပါဘူး။ ဒီ Universal Control Feature ဟာ ကိုယ့်ရဲ့ Mac ကွန်ပျုတာ အနီးမှာ တခြားသော Mac ကွန်ပျူတာ သို့မဟုတ် iPad ကိုထားလိုက်တာနဲ့ File တွေ၊ Keyboard ၊ Mouse Input တွေကို တခြားသော Device တွေကို ပေးပို့ အသုံးပြုနိုင်အောင် ပြုလုပ်ပေးထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Multi-Device အသုံးပြုနေတဲ့သူတွေအတွက် အလွန်အသုံးဝင်တဲ့ Feature တစ်ခုလို့တောင် ပြောလို့ရပါတယ်။

အခုလောလောဆယ်အထိ Apple ဟာ macOS Monterey Beta Update တွေမှာ အဆိုပါ Universal Control Feature ကိုထည့်သွင်းပေးခြင်းမရှိခဲ့ပေမယ့် အခုနောက်ဆုံးထုတ်ပေးထားတဲ့ Beta 5 မှာတော့ စမ်းသပ်အသုံးပြုနိုင်ပြီလို့ သိရပါတယ်။ ဒါပေမယ့်လည်း Apple ကနေ Official အနေနဲ့ အသုံးပြုနိုင်တာမဟုတ်တာကြောင့် အသုံးပြုတဲ့အချိန်မှာ Bug နဲ့ Issue တွေရှိနေနိုင်ပါတယ်။

အခုလိုမျိုး macOS Monterey ရဲ့ Universal Control Feature ကို အသုံးပြုချင်တယ်ဆိုရင်တော့ အရင်ဆုံးအနေနဲ့ macOS Monterey Beta 5 ကို တင်ထားဖို့လိုအပ်မှာဖြစ်ပါတယ်။

ပြီးရင်တော့ GitHub Website Linkမှာရှိတဲ့ Developer Zhouwei Zhang က Upload ပြုလုပ်ထားတဲ့ Universal Control Feature ကို အသုံးပြုဖို့ လိုအပ်တဲ့ File တွေကို Download ပြုလုပ်ရမှာဖြစ်ပါတယ်။ Download ပြုလုပ်ပြီးပြီဆိုရင် အဆိုပါ File တွေကို ယခု Location မှာ သွားရောက်ပြီး ထည့်သွင်းပေးရမှာဖြစ်ပါတယ်။

ထည့်သွင်းပေးရမယ့် Location ကတော့ “/Library/Preferences/FeatureFlags/Domain/” ဖြစ်ပြီး Folder ရှိနေပြီးသားဖြစ်ပါက အဆိုပါ Folder ထဲကို ကူးယူရမှာဖြစ်ပြီး Folder မရှိနေဘူးဆိုရင်တော့ Folder အသစ်ပြုလုပ်ပြီး ကူးယူရမှာဖြစ်ပါတယ်။

အခုလိုမျိုး Internal File Folder တွေကို ပြင်ဆင်တာဖြစ်တာကြောင့် သင့် Mac ကွန်ပျူတာရဲ့ SIP (System Integrity Protection) ကို Disable ပြုလုပ်ထားဖို့လိုအပ်ပါတယ်။ SIP ကို Disable ပြုလုပ်ဖို့အတွက်တော့ သင့် Mac ကွန်ပျူတာပေါ်မူတည်ပြီး Recovery Mode ကိုဝင်ရောက်ရမှာဖြစ်ပါတယ်။ Recovery Mode ထဲရောက်သွားပြီဆိုရင်တော့ Utilities Menu ကနေတစ်ဆင့် Terminal ကို ဖွင့်ပြီး “csrutil disable” လို့ရိုက်ပြီး Restart ပြုလုပ်ရမှာဖြစ်ပါတယ်။

အခုအဆင့်တွေကို ပြုလုပ်ပြီးပြီဆိုရင်တော့ Apple macOS Monterey ရဲ့ Universal Control Feature ကို စတင်စမ်းသပ်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ တစ်ခုရှိတာကတော့ ယခု Universal Control Feature ဟာ 2016 နဲ့အထက် Mac ကွန်ပျူတာတွေနဲ့ iCloud ၊ Handoff Feature တွေကိုလည်း Enable ပြုလုပ်ထားဖို့လိုအပ်ပါတယ်။

Ref – 9to5Mac