Facebook ဟာ အခုအချိန်မှာ လူသုံးအများဆုံး Social Media Platform တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့်လည်း Facebook ကို ကောင်းကောင်းမွန်မွန်အသုံးပြုဖို့အတွက် Messenger ကိုပါ တွဲဖက်အသုံးပြုဖို့ လိုအပ်နေတာဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုရင် Facebook ကိုအသုံးပြုနေတယ်ဆိုရင် တစ်ယောက်နဲ့ တစ်ယောက်ကို ဖုန်းခေါ်ဖို့အတွက် Messenger Application ကိုပါ အသုံးပြုဖို့ လိုအပ်တာဖြစ်ပါတယ်။ တကယ်လို့ Web Browser မှာအသုံးပြုနေတယ်ဆိုရင်တေ့ာ Facebook ကနေ တိုက်ရိုက်ဖုန်းခေါ်ဆိုနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် Mobile Version အနေနဲ့ အသုံးပြုနေတယ်ဆိုရင်တော့ Messenger App က ကျိန်းသေရှိထားဖို့ လိုအပ်နေပါတယ်။

အခုအချိန်မှာတော့ Facebook ကနေ ဒါကို ပြောင်းလဲဖို့စီစဥ်နေပြီးတော့ Facebook App ကနေပဲ တိုက်ရိုက် တစ်ယောက်နဲ့တစ်ယောက်ကို ဖုန်းခေါ်ဆိုနိုင်အောင် Update ပြုလုပ်သွားတော့မယ်လို့ သိရပါတယ်။ အခုလိုမျိုး ပြုလုပ်ရတာကလည်း Facebook App ကို အသုံးပြုနေတဲ့အချိန်မှာ တခြား Messenger App ကို ပြောင်းလဲအသုံးပြုရတာမျိုးကို လျော့ချနိုင်ဖို့ဖြစ်ပါတယ်။

Facebook ရဲ့ ပြောကြားချက်အရတော့ အဆိုပါ Feature ကို လက်ရှိအချိန်မှာ တချို့သောသုံးစွဲသူတွေဆီမှာ စမ်းသပ်နေပြီလို့ သိရပါတယ်။ ဒါပေမယ့်လည်း Public အနေနဲ့ လူတိုင်းအသုံးပြုနိုင်ဖို့ကတော့ အချိန်အနည်းငယ်စောင့်ဆိုင်းရဖွယ်ရှိနေပါတယ်။

Messenger App ဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်တုန်းက စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး Facebook အသုံးပြုသူအချင်းချင်း ချိတ်ဆက်စကားပြောဆိုဖို့အတွက် ပိုပြီးအဆင်ပြေတဲ့ Messaging App တစ်ခုဖြစ်လာပါတယ်။ အခုဆိုရင် Facebook ကို Mobile App အနေနဲ့အသုံးပြုနေရင်တောင်မှ တစ်ယောက်နဲ့ တစ်ယောက်စကားပြောဆိုဖို့ Messenger က မရှိမဖြစ် App တစ်ခုဖြစ်လာတာဖြစ်ပါတယ်။ ဖြစ်နိုင်ခြေများနေတာကတော့ Facebook က ဒီလိုမျိုးဖြစ်နေတာကို လျော့ချသွားပြီး ပုံမှန်စကားပြောဆိုမှုတွေကို Facebook မှာတင် ပြုလုပ်နိုင်အောင် ပြန်လည်ဆောင်ရွက်သွားမယ်လို့ ယူဆရပါတယ်။

Ref – Phone Arena