ကိုရိုနာဗိုင်းရက်စ်ကြောင့် Google က Duo Video Call မှာ လူ ၈ ယောက်ကနေ ၁၂ ယောက်အထိ ပါဝင်နိုင်အောင် မတ်လမှာ ပြုလုပ်ပေးခဲ့ပါတယ်။ အခုတော့ Google က Duo Group Video Call တွေကို Web မှာ သုံးနိုင်အောင် ပြုလုပ်ပေးမယ်လို့ ကြေညာလိုက်ပါတယ်။ အစောဆုံး အနေနဲ့ Chrome မှာ စတင် အသုံးပြုနိုင်မှာပါ။

Chrome မှာ Web ကနေ Dual Group Video Call ပြုလုပ်နိုင်တဲ့ လုပ်ဆောင်ချက်ကို လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ပြုလုပ်ပေးမှာ ဖြစ်ပြီး တစ်ချိန်ထဲမှာ လူများစွာကို မြင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Invite Link နဲ့ Group Call မှာ လူတွေ ပါဝင်ဖို့ ဖိတ်ခေါ်ရတာ ပိုလွယ်ကူလာပါတယ်။

Google က Family Mode အသစ်ကို ကြေညာလိုက်ပြီး အချိန်နဲ့တစ်ပြေးညီ Screen မှာ ပုံဆွဲနိုင်သလို သင့် မျက်နှာမှာ Mask နဲ့ Effect တွေ ထည့်သွင်းနိုင်ပါတယ်။ Video Call မှာ မတော်တဆ ထိမိတာ မဖြစ်စေဖို့ Mute နဲ့ End Call Buttons တွေကို ဖျောက်ထားပေးမှာပါ။ Family Mode ကို သုံးဖို့အတွက် Duo မှာ သင့် Google အကောင့်နဲ့ Sign In ဝင်ရမှာပါ။

Family Mode ရဲ့ Mask နဲ့ Effect တွေကို Android နဲ့ iOS  ၂ မျိုးစလုံးမှာ တစ်ယောက်ချင်းစီနဲ့ Group Video Call အတွက် အသုံးပြုနိုင်ပါတယ်။ Mother’s Day Effect ပါတဲ့ Family Mode ကို ဒီတစ်ပတ်ထဲမှာ ဖြန့်ချိပေးမှာပါ။

Ref : gsmarena