Instagram ဟာ လောလောဆယ်မှာ ဓါတ်ပုံအပြင် Stories တွေနဲ့ Short Video တွေဖြစ်တဲ့ Instagram Reels တွေ၊ Shopping Feature တွေအစုံအလင်နဲ့ ယခင်ကထက် အသုံးပြုသူပိုမိုများပြားလာတဲ့ Social Media တစ်ခုဖြစ်ပါတယ်။ ယခင်တုန်းက ထွက်ပေါ်ခဲ့တဲ့သတင်းတွေအရ Instagram ဟာ လာမယ့်လပိုင်းတွေမှာ Feature အသစ်တွေအများအပြားကို ထပ်မံမိတ်ဆက်သွားဖို့ စီစဥ်နေတာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Instagram ကနေ အသုံးပြုသူတွေအတွက် ကန့်သတ်ချက်တစ်ခုကို ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။ ဒါကတော့ Instagram Account ကို အသုံးပြုနေပြီး ကိုယ့်ရဲ့ မွေးနေ့ကို မထည့်ထားဖူးဆိုရင်ကျိန်းသေပေါက် ထည့်သွင်းဖို့ အသိပေးတော့မှာပဲဖြစ်ပါတယ်။ ပုံမှန်အားဖြင့် Instagram Account ကို Facebook ကနေတစ်ဆင့်ဖွင့်ထားတယ်ဆိုရင်တော့ မွေးနေ့ဟာ ထည့်သွင်းပြီးသားဖြစ်ပေမယ့် သီးသန့် Instagram Account ဖွင့်ထားရင်တော့ မွေးနေ့ကို ထည့်သွင်းပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။

ကိုယ့်မွေးနေ့ကို Instagram မှာထည့်သွင်းထားသလားဆိုတာကို စစ်ဆေးချင်တယ်ဆိုရင်တော့ Instagram Settings – Account – Personal Information မှာ စစ်ဆေးနိုင်မှာဖြစ်ပါတယ်။

Instagram ရဲ့ ပြောကြားချက်အရတော့ အခုလိုမျိုး မွေးနေ့ကို ထည့်သွင်းဖို့ တွန်းအားပေးနေတာဟာ နောက်လာမယ့်အပတ်တွေမှာ Content တွေကို အသက်အရွယ်ပေါ်မှုတည်ပြီး ကန့်သတ်သွားမှာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒါကြောင့် ကိုယ်က အသက်မပြည့်သေးတာ သို့မဟုတ် မွေးနေ့ကို ထည့်သွင်းပေးထားခြင်းမရှိဘူးဆိုရင် တချို့သော Sensitive ဖြစ်တဲ့ ဓါတ်ပုံတွေ၊ Post တွေကို ကြည့်ရှုနိုင်တော့မှာမဟုတ်ပါဘူး။

Instagram ဟာ ဒီ Feature ကို အလေးပေးဆောင်ရွက်နေတာဖြစ်ပြီး နောက်ပိုင်းမှာ မွေးနေ့ကို လိမ်ပြီး ထည့်သွင်းတာမျိုးကို သိရှိပြီး တားဆီးနိုင်ဖို့အတွက်လည်း AI နည်းပညာကို ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ အသက် ၁၃ နှစ်အောက် ကလေးငယ်တွေအတွက် သီးသန့် Instagram Version တစ်ခုကိုပါ မိတ်ဆက်သွားဖို့ စီစဥ်နေတယ်လို့လည်း ပြောကြားခဲ့ပါသေးတယ်။

Ref – The Verge