COVID-19 ကြောင့် အင်တာနက် အသုံးပြုမှု များလာတဲ့အတွက် လိုင်းကြပ်တာတွေ မဖြစ်အောင်  ဗီဒီယို အရည်အသွေးကို လျှော့ချခဲ့တဲ့ ကုမ္ပဏီတွေထဲမှာ YouTube လည်း ပါပါတယ်။ YouTube ဟာ အိန္ဒိယက Android နဲ့ iOS Devices တွေမှာ ဗီဒီယိုတွေကို  480p အထိ လျှော့ချခဲ့ပါတယ်။  အခုတော့  1080p Option ကို ပြန်ထည့်သွင်းပေးလိုက်ပါတယ်။

YouTube User တချို့က အဲဒီလုပ်ဆောင်ချက်ကို တစ်ဖန် ပြန်အသုံးပြုနိုင်ပြီလို့ ပြောကြပါတယ်။ ဒါပေမယ့် WiFi နဲ့မှသာ 1080p အရည်အသွေးကို ကြည့်လို့ရတာ ဖြစ်ပြီး 4G နဲ့ဆိုရင် 480p က အမြင့်ဆုံး အရည်အသွေး ဖြစ်ပါတယ်။

COVID-19 ကာလအတွင်းမှာ အိန္ဒိယက လွဲပြီး တခြား နိုင်ငံအားလုံးမှာ  ဗီဒီယို အရည်အသွေးကို ကြိုက်သလို ပြောင်းလဲနိုင်ခဲ့ပါတယ်။ အိန္ဒိယက User များစွာဟာ VPN Service တွေကိုအသုံးပြုပြီး ဗီဒီယို အရည်အသွေး ကောင်းကောင်း ကြည့်နိုင်အောင် ပြုလုပ်ခဲ့ကြတယ်လို့ သိရပြီး တချို့ကလည်း Android TV ကို သုံးကာ 480p ထက် မြင့်မားတာတွေကို ကြည့်ခဲ့ကြပါတယ်။

Ref : gsmarena