Zawgyi Font Version
Unicode Version
သတင်းကောင်းတစ်ခုရှိပါတယ်။ Android မှာ Youtube App အတွက် Dark Mode ရပါပြီ။
Android အတွက် Youtube Dark Mode ပါလာတော့မယ်ဆိုတာ မတ်လကတည်းကသတင်းထွက်နေတာပါ။
Android User တွေစောင့်ရတာ လည်ပင်းရှည်နေတဲ့အချိန်မှာပဲ iOS အတွက် ထွက်ရှိနေတာကြာပါပြီ။ Google အပိုင် App တစ်ခုဖြစ်ပြီး ဘာလို့ iOS အတွက်ရင်ထွက်ရလဲဆိုတာတော့စဉ်းစားစရာပါ။ ဘာပဲ ဖြစ်ဖြစ်ပါ။ အခုတော့ Android User တွေအတွက် Dark Mode ရပါပြီ။
ဒါပေမယ့် ဘာလို့ Youtube Dark Mode ကို အသည်းအသန်လိုချင်နေကြတာလဲ? Youtube Dark Mode ဟာ သာမာန် အရောင်အပြောင်းအလဲလေးတစ်ခုထက်ပိုပါတယ်။ ညဘက်တွေ Youtube ကြည့်တဲ့အခါ မလိုအပ်တဲ့ အလင်းပမာဏကို လျော့ပစ်လိုက်နိုင်တယ်။ မျက်လုံးကို အရမ်းကြီး မကျိမ်းစေတော့ပါဘူး။ OLED Screen တွေဆိုရင် ဘတ်ထရီအားပိုခံစေပါတယ်။
Youtube App မှာ Dark Mode ရချင်ရင်တော့ App Setting ထဲဝင်ပြီး Youtube ကို Clear Cache နဲ့ Clear Data လုပ်ပြီး Youtube ထဲပြန်ဝင်ပေးပါ။ Youtube Setting ထဲဝင်လိုက်ရင် Try Dark Theme ဆိုတဲ့ Option လေးတွေ့ပါလိမ့်မယ်။
အဲ့တာလေး ဖွင့်ပြီး App ကို ပြန်ဝင်လိုက်ရင်တော့ Dark Mode နဲ့ Youtube ကိုတွေ့မှာပါ။ အမြင်အရမ်းဆန်းနေပြီး ပိုအထာကျပါတယ်။ ညဘက်တွေဆိုရင်လည်း အရမ်းအဆင်ပြေပြီး OLED Display တွေဆိုရင်အားပိုခံစေပါတယ်တဲ့ဗျာ။