Apple ဟာ ပြီးခဲ့တဲ့နှစ်တုန်းက iOS 14 Update နဲ့အတူ Picture-in-Picture Mode ကို စတင် Support ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဆိုပါ Picture-in-Picture (PiP) Feature ဟာ တချို့သော Streaming Service တွေနဲ့ Website တွေကနေကြည့်ရှုတဲ့ Video မှာပဲ Support ပြုလုပ်ပြီးတော့ YouTube မှာတော့ အသုံးပြုနိုင်ခြင်းမရှိခဲ့ပါဘူး။

အခုအချိန်မှာတော့ Apple ကနေ PiP Feature ကို မိတ်ဆက်ပြီး တစ်နှစ်အကြာမှာ YouTube ကနေ iOS Device တွေဖြစ်တဲ့ iPhone နဲ့ iPad တွေအတွက် PiP Support ကို တကမ္ဘာလုံးအတွက် ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် Apple Device တွေမှာလည်း YouTube Video ကို Screen ပေါ်မှာ Size အသေးလေးပုံစံနဲ့ ဖွင့်ထားပြီး တခြား Application တွေကို အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခုလိုမျိုး YouTube ကို PiP Mode နဲ့အသုံးပြုချင်တယ်ဆိုရင် YouTube Premium ကို ဝယ်ယူထားဖို့ လိုအပ်ဦးမှာဖြစ်ပါတယ်။ YouTube ဟာ Android Device တွေမှာလည်း US Region က လွဲပြီးကျန်တဲ့ နိုင်ငံတွေမှာ PiP Mode ကို Premium ဝယ်ယူထားမှအသုံးပြုနိုင်တဲ့အတွက် ဒါကတော့ အသုံးပြုမယ်ဆိုရင် ထည့်သွင်းစဥ်းစားရမယ့်အချက်တစ်ခုဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် YouTube Premium ကို အသုံးပြုနေတယ်ဆိုရင်တော့ ဒီလိုမျိုး PiP Feature ရရှိလာတာက အထူးသဖြင့် Apple iPad လိုမျိုး Device တွေအတွက် အသုံးဝင်လာမှာဖြစ်ပါတယ်။ PiP Mode ကို အသုံးပြုနေတဲ့အချိန်မှာ Play/Pause အပြင် Rewind/Forward လိုမျိုး Control တွေကိုလည်း အသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

Ref – 9to5Google