YouTube ဟာ ဒီလ အစောပိုင်းမှာ RT နဲ့ Sputnik တို့လို Channel တွေကို ပိတ်ပင်လိုက်ပြီးနောက်အခုတော့ ရုရှား အစိုးရ ထောက်ပံ့ထားတဲ့ Channel တွေကို တစ်ကမ္ဘာလုံးမှာ ပိတ်ပင်လိုက်ပါပြီ။ YouTube က တစ်ကမ္ဘာလုံးမှာ ပိတ်ပင်ဖို့အတွက် သူတို့ရဲ့ စနစ်ဟာ အချိန်အနည်းငယ်လိုအပ်တယ်လို့ ပြောပါတယ်။

YouTube is blocking Russian state media channels worldwide | Engadget

YouTube အပါအဝင် ပလက်ဖောင်းတော်တော်များများဟာ ရုရှား အစိုးရပိုင် မီဒီယာတွေကို ဥရောပမှာ ပိတ်ပင်ထားကြပါတယ်။ ရုရှား အစိုးရကလည်း တန်ပြန်တဲ့ အနေနဲ့ Facebook နဲ့ Twitter တို့လို နည်းပညာ ကုမ္ပဏီတွေကို သူ့နိုင်ငံမှာ ပိတ်ပင်ထားပါတယ်။ ရုရှား အစိုးရက မတ်လ ၁၄ ရက်နေ့က စတင်ကာ Instagram ကိုလည်း ပိတ်ပင်မယ်လို့ ကြေညာထားပါတယ်။

YouTube is now blocking Russian state-funded media around the worldFGN News  | FGN News

RT နဲ့ Sputnik တို့လို Channel တွေကို တစ်ကမ္ဘာလုံးမှာ ပိတ်ပင်တာဟာ YouTube ရဲ့ ရုရှား အစိုးရ အပေါ် ထပ်တိုးဒဏ်ခတ်လိုက်တာ ဖြစ်ပါတယ်။ Google ကလည်း ရုရှား အစိုးရရဲ့ Channel တွေမှာ ဗီဒီယိုတွေကနေ ဝင်ငွေ မရှာနိုင်အောင် ပိတ်ပင်ထားပါတယ်။ Google က ဖေဖော်ဝါရီ နှောင်းပိုင်းမှာ ရုရှား အစိုးရ မီဒီယာတွေရဲ့ ဗီဒီယိုတွေမှာ ကြော်ငြာတွေ မထည့်သွင်းပေးတော့ဘူးလို့ ကြေညာခဲ့ပြီး ရုရှားက ကြော်ငြာတွေ အားလုံးကိုလည်း ပိတ်ပင်ခဲ့ပါတယ်။

Ref : theverge