TikTok ဟာ ပြီးခဲ့တဲ့နှစ်အတွင်းမှာ အောင်မြင်မှုအလျှင်အမြန်ကို ရရှိလာခဲ့တာဖြစ်ပြီး အခုဆိုရင် အသုံးပြုသူတွေအများအပြားရှိနေပါပြီ။ အဲ့ဒီအတွက် YouTube ကနေ TikTok ကိုလိုက်ပြီး ယှဥ်ပြိုင်နိုင်မယ့် Feature အသစ်တစ်ခုကို စမ်းသပ်နေပြီလို့ သိရပါတယ်။

YouTube ဟာလည်း လက်ရှိအချိန်မှာ အကြီးမားဆုံး Video Streaming Service တစ်ခုဖြစ်ပေမယ့် TikTok ကို ယှဥ်ပြိုင်ဖို့ Feature ကိုတော့ “Shorts” လို့ နာမည်ပေးထားတယ်လို့ သိရပါတယ်။ ယခုသတင်းကို The Information Website ကနေ ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဒီ YouTube ကနေ ပြုလုပ်နေတဲ့ Shorts ဟာ နာမည်အတိုင်းပဲ Video အတိုလေးတွေကို စိတ်ကြိုက်ရိုက်ကူးနိုင်မှာဖြစ်ပြီး Music Library အစုံနဲ့ ကြိုက်နှစ်သက်တဲ့သီချင်းကို ထည့်သွင်းနိုင်မှာပါ။ ဒါပေမယ့် TikTok နဲ့ မတူညီဘဲကွဲထွက်နေတဲ့ Feature မျိုးတော့ လောလောဆယ်မှာမရှိသေးဘူးလို့ သိရပါတယ်။

TikTok ဟာ လက်ရှိအချိန်မှာ အသုံးပြုသူ သန်း ၈၀၀ ကျော်နဲ့ iOS ရော Android မှာပါ အောင်မြင်တဲ့ App တစ်ခုဖြစ်နေပြီး Facebook ကလည်း Lasso အမည်ရှိတဲ့ အလားတူ App တစ်ခုကို ပြုလုပ်ခဲ့ဖူးပါသေးတယ်။

Ref – GSM Arena