YouTube music app မှာ Background playback ကို အခမဲ့သုံးစွဲခွင့်ပြုတော့မယ်လို့ YouTube က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒီ Feature ကို လက်ရှိအချိန်မှာ ထုတ်ပေးသေးတာမဟုတ်ပေမဲ့ လာမဲ့နိုဝင်ဘာလ ၃ ရက်နေ့ကစပြီး ကနေဒါမှာ ဦးဆုံးအဖြစ်သုံးစွဲနိုင်မယ်လို့ သိရပါတယ်။

ဒီနေ့အချိန်အထိ YouTube music app မှာ Background playback ကို YouTube Premium members တွေအတွက်ပဲ ခွင့်ပြုထားတာ ဖြစ်ပါတယ်။ အကယ်၍ အခကြေးငွေပေးချေထားတဲ့ Customer မဟုတ်ရင် App ကို minimize လုပ်နိုင်မှာ မဟုတ်ပါဘူး။ အခြား App တစ်ခုကို Switch လုပ်ရင် ဒါမှမဟုတ် Screen off လုပ်လိုက်ရင် Playback ရပ်တန့်သွားမှာ ဖြစ်ပါတယ်။

အသုံးပြုသူတွေဟာ အခကြေးငွေပေးဆောင်ထားတဲ့ Customers တွေမဟုတ်ရင်တောင်မှ ဒီ Feature နဲ့အတူ အခြား Music app တွေမှာ ပုံမှန်လိုပြုလုပ်နေကျအတိုင်း YouTube Music app မှာလည်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒီအတွက် Radio stations feature ကို Access လုပ်နိုင်မှာဖြစ်သလို Playlists ကိုလည်း ဖန်တီးထားနိုင်မှာ ဖြစ်ပါတယ်။

အကယ်၍ အသုံးပြုသူအနေနဲ့ Uploaded လုပ်ထားတဲ့သီချင်းရှိရင် ဘယ်အချိန်မဆို ဖွင့်လှစ်နိုင်မှာလည်း ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခမဲ့အသုံးပြုသူတွေဟာ Ad-supported ဖြစ်တာကြောင့် သီချင်းနားထောင်နေချိန်အတောအတွင်း Ads တွေဝင်လာတာမကြိုက်ရင်တော့ Premium plan အတွက် အခကြေးငွေ ပေးချေရမှာပဲ ဖြစ်ပါတယ်။

Ref: GSM Arena