[Unicode]

YouTube ဖန်တီးသူတွေဟာ မူပိုင်ခွင့်အကြောင်းအရာကြောင့် အမြဲလိုပဲ အခက်အခဲတွေ့ခဲ့ကြရတာ ဖြစ်ပါတယ်။ အကယ်၍ ဖန်တီးလိုက်တဲ့ ဗီဒီယိုတစ်ခုမှာ မူပိုင်ခွင့်ငြိစွန်းတာ တစ်ခုခုပါဝင်ခဲ့ရင် ဗီဒီယိုကို အစအဆုံး ပြန်ပြီးတည်းဖြတ် ပြုပြင်ဖို့လိုအပ်ခဲ့ပါတယ်။

YouTube ဟာ “Assisted Trim” လို့နာမည်ပေးထားတဲ့ မူပိုင်ခွင့် Tools တစ်ခုကို ပြုလုပ်ထားပြီး ဒီ Tools ဟာ ဗီဒီယိုတစ်ခုလုံးကို ပလက်ဖောင်းကနေ ဖယ်ရှားလိုက်တာမဟုတ်ဘဲ မူပိုင်ခွင့်ငြိတဲ့အပိုင်းကိုပဲ ဖယ်ရှားလိုက်တာလို့ သိရပါတယ်။ ဒါကို YouTube ဖန်တီးသူ အတော်များများက မနှစ်သက်ကြပေမယ့် တစ်ဘက်ကပြန်ကြည့်ရင်တော့ ဗီဒီယိုတစ်ခုလုံးကို ပြန်ပြီးတည်းဖြတ်ပြုပြင်စရာမလိုတာ ဖြစ်ပါတယ်။

ဒီအစောပိုင်း ဘလော့ဂ်မှာကြေညာချက်အရ “Assisted Trim” ဟာ ဖန်တီးသူကို ဗီဒီယိုရဲ့အစိတ်အပိုင်းတစ်ခုခုမှာ မူပိုင်ခွင့်ငြိစွန်းရင် ကူညီပေးနိုင်တယ်လို့ပဲ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ တကယ်တမ်း အသုံးပြုချိန်မှာတော့ ဒီလုပ်ဆောင်ချက်ဟာ ဗီဒီယိုမှာ မူပိုင်ခွင့် ငြိစွန်းနေတဲ့ အပိုင်းကိုအလိုအလျောက် ဖော်ပြနေပါတယ်။ ဖန်တီးသူက အဲဒီအပိုင်းကို ချက်ချင်းဖယ်ရှားနိုင်တာ ဖြစ်ပါတယ်။

YouTube ဟာ လက်ရှိအချိန်မှာ Content ကောင်းတွေဖန်တီးပြီး ကြည့်ရှုသူများအောင် ကြိုးစားရင်း ဝင်ငွေရှာနိုင်တဲ့နေရာတစ်ခုအဖြစ် လူငယ်အတော်များများက စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ ဒီလိုမျိုး စီးပွားရေ:ကိစ္စရပ်တွေ အားကောင်းလာချိန်မှာတော့ မူပိုင်ခွင့်ပြဿနာကို ပိုပြီးတင်းတင်းကြပ်ကြပ် ကိုင်တွယ်လာတာပဲ ဖြစ်ပါတယ်။

Ref: GSM Arena

[Zawgyi]

ဗီဒီယိုထဲက Content ကို ဖယ္ရွားႏိုင္မယ့္ YouTube ရဲ႕ Copyright tools အသစ္

YouTube ဖန္တီးသူေတြဟာ မူပိုင္ခြင့္အေၾကာင္းအရာေၾကာင့္ အၿမဲလိုပဲ အခက္အခဲေတြ႕ခဲ့ၾကရတာ ျဖစ္ပါတယ္။ အကယ္၍ ဖန္တီးလိုက္တဲ့ ဗီဒီယိုတစ္ခုမွာ မူပိုင္ခြင့္ၿငိစြန္းတာ တစ္ခုခုပါဝင္ခဲ့ရင္ ဗီဒီယိုကို အစအဆုံး ျပန္ၿပီးတည္းျဖတ္ ျပဳျပင္ဖို႔လိုအပ္ခဲ့ပါတယ္။

YouTube ဟာ “Assisted Trim” လို႔နာမည္ေပးထားတဲ့ မူပိုင္ခြင့္ Tools တစ္ခုကို ျပဳလုပ္ထားၿပီး ဒီ Tools ဟာ ဗီဒီယိုတစ္ခုလုံးကို ပလက္ေဖာင္းကေန ဖယ္ရွားလိုက္တာမဟုတ္ဘဲ မူပိုင္ခြင့္ၿငိတဲ့အပိုင္းကိုပဲ ဖယ္ရွားလိုက္တာလို႔ သိရပါတယ္။ ဒါကို YouTube ဖန္တီးသူ အေတာ္မ်ားမ်ားက မႏွစ္သက္ၾကေပမယ့္ တစ္ဘက္ကျပန္ၾကည့္ရင္ေတာ့ ဗီဒီယိုတစ္ခုလုံးကို ျပန္ၿပီးတည္းျဖတ္ျပဳျပင္စရာမလိုတာ ျဖစ္ပါတယ္။

ဒီအေစာပိုင္း ဘေလာ့ဂ္မွာေၾကညာခ်က္အရ “Assisted Trim” ဟာ ဖန္တီးသူကို ဗီဒီယိုရဲ႕အစိတ္အပိုင္းတစ္ခုခုမွာ မူပိုင္ခြင့္ၿငိစြန္းရင္ ကူညီေပးႏိုင္တယ္လို႔ပဲ ေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။ တကယ္တမ္း အသုံးျပဳခ်ိန္မွာေတာ့ ဒီလုပ္ေဆာင္ခ်က္ဟာ ဗီဒီယိုမွာ မူပိုင္ခြင့္ ၿငိစြန္းေနတဲ့ အပိုင္းကိုအလိုအေလ်ာက္ ေဖာ္ျပေနပါတယ္။ ဖန္တီးသူက အဲဒီအပိုင္းကို ခ်က္ခ်င္းဖယ္ရွားႏိုင္တာ ျဖစ္ပါတယ္။

YouTube ဟာ လက္ရွိအခ်ိန္မွာ Content ေကာင္းေတြဖန္တီးၿပီး ၾကည့္ရႈသူမ်ားေအာင္ ႀကိဳးစားရင္း ဝင္ေငြရွာႏိုင္တဲ့ေနရာတစ္ခုအျဖစ္ လူငယ္အေတာ္မ်ားမ်ားက စိတ္ဝင္စားေနၾကတာ ျဖစ္ပါတယ္။ ဒီလိုမ်ိဳး စီးပြားေရ:ကိစၥရပ္ေတြ အားေကာင္းလာခ်ိန္မွာေတာ့ မူပိုင္ခြင့္ျပႆနာကို ပိုၿပီးတင္းတင္းၾကပ္ၾကပ္ ကိုင္တြယ္လာတာပဲ ျဖစ္ပါတယ္။

Ref: GSM Arena