YouTube ဟာ လက်ရှိအချိန်မှာ အအောင်မြင်ဆုံးသော Video Streaming Service တစ်ခုဖြစ်နေပြီးတော့ မသိတဲ့သူမရှိလောက်အောင် နာမည်ကြီးနေတာဖြစ်ပါတယ်။

ဒါပေမယ့် YouTube ဟာ Video တွေပဲ ကြည့်ရှုနိုင်တဲ့အတွက် သီချင်းနားထောင်ချင်တယ်ဆိုရင်လည်း သီချင်းသီးသန့်မဟုတ်ပဲ Music Video တွေကိုပဲကြည့်ရှုနိုင်တာဖြစ်ပါတယ်။

အခုအချိန်မှာတော့ YouTube ကနေ သီချင်းတွေချည်းပဲ Streaming နားထောင်ချင်တဲ့သူတွေအတွက် Music Streaming Service အသစ်တစ်ခုကို လာမယ့် ၂၀၁၈ မှာ ကြေငြာသွားမယ်လို့ သတင်းထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ Music Streaming Service ကို Remix လို့ နာမည်ပေးထားကြောင်းသိရပါတယ်။

လက်ရှိအချိန်မှာ YouTube ကနေ သီချင်းတွေအများအပြားအသုံးပြုနိုင်အောင် Sony Music Entertainment, Universal Music Group နဲ့ Warner Music Group တို့နဲ့ စကားပြောဆိုလျက်ရှိပြီး နောက်နှစ်မှာတော့ အကြီးမားဆုံး Music Streaming Service တစ်ခုကို တွေ့မြင်ရတော့မှာပါ။