စမတ်ဖုန်းတွေဟာ အခုနောက်ပိုင်းမှာ လူတိုင်းနီးပါးအသုံးပြုလာကြသလို ဒီစမတ်ဖုန်းတွေနဲ့ပဲ ရုပ်ရှင်တွေ၊ Video တွေစတဲ့ Media Streaming တွေကို ပြုလုပ်မှုများပြားလာပြီဖြစ်ပါတယ်။ အခုနောက်ဆုံးထွက်ရှိလာတဲ့ Report တစ်ခုအရ အခုလိုမျိုး Mobile Device တွေပေါ်ကနေ Online Streaming ပြုလုပ်တဲ့အချိန်ရဲ့ ၇၀ ရာခိုင်နှုန်းကို YouTube က ရယူထားတယ်လို့ ဖော်ပြထားခဲ့ပါတယ်။

အဆိုပါ Report ကိုတော့ AppAnnie ကနေ ပြုလုပ်ခဲ့တာဖြစ်ပြီးတေ့ာ Mobile Device တွေကနေ Streaming Service တွေကိုအသုံးပြုတဲ့အချိန်အများစုကို Netflix ၊ HBO နဲ့ တခြားသော လစဥ်အခကြေးငွေပေးရတဲ့ Streaming Service တွေမဟုတ်ဘဲ YouTube ကပဲ သိမ်းပိုက်သွားတာဖြစ်ပါတယ်။ ဒီလိုမျိုး ကြည့်ရှုတဲ့လူအများစုကလည်း ဆယ်ကျော်သက်တွေနဲ့ လူငယ်ပိုင်းတွေပဲဖြစ်တယ်လို့ သိရပါတယ်။

ဒါက Mobile Device ပေါ်မှာ Video ကြည့်နေပြီဆိုတာနဲ့ ၁၀ မိနစ်မှာ ၇ မိနစ်ကို YouTube ပေါ်မှာ အချိန်ဖြုန်းတယ်လို့ ပြောနိုင်ပါတယ်။ YouTube ကို လူဦးရေအထူထပ်ဆုံးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံမှာ ပိတ်ပင်ခံထားရတာတောင်မှ ဒီလိုမျိုး ရာခိုင်နှုန်းအများအပြားကိုရယူထားနိုင်တာကတော့ အထင်ကြီးဖို့ကောင်းနေပါတယ်။

ဒါပေမယ့်လည်း YouTube အပြင် ဒုတိယနေရာနဲ့ ကျန်တဲ့ Top 5 လေးနေရာကိုတော့ Tencent News ၊ Tencent Video အစရှိတဲ့ တရုတ်နိုင်ငံတွင်း Video Streaming Service တွေက ရယူထားတာဖြစ်ပါတယ်။ လက်ရှိအအောင်မြင်ဆုံး Movie Streaming Service ဖြစ်တဲ့ Netflix တောင်မှ Top 5 နေရာကို ဝင်ရောက်ခြင်းမရှိဘဲ နံပါတ် ၆ နေရာမှာပဲရှိနေတာပါ။

ထူးဆန်းတာတစ်ခုက အဆိုပါ Report မှာ လက်ရှိအသုံးပြုသူများပြားလာတဲ့ TikTok လိုမျိုး App တွေပါဝင်ခြင်းမရှိတာဖြစ်ပါတယ်။ ဒါကလည်း TikTok ဟာ အများဆုံး ၁ မိနစ်အထိပဲ Video တင်ခွင့်ပေးတဲ့အတွက် အချိန်ကိုတိုင်းတာတဲ့ယခု Report မှာ ပါဝင်ခြင်းမရှိတာဖြစ်နိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် YouTube အနေနဲ့ ဒီလိုမျိုး ၇၀ ရာခိုင်နှုန်းနဲ့ ပထမနေရာကိုရရှိတာကလည်း YouTube Video တွေဟာ အချိန် Limit မရှိတဲ့အတွက် Video အတိုကြည့်ချင်တဲ့သူတွေရော၊ Video အရှည်ကြည့်ရှုတဲ့သူတွေအတွက်ပါ အဆင်ပြေတာကြောင့်ဖြစ်ဖို့များနေပါတယ်။

Ref – 9to5Google