YouTube ဟာ လက်ရှိအချိန်မှာ အသုံးပြုသူအများဆုံး Video Streaming Platform တစ်ခုဖြစ်ပါတယ်။ YouTube ကို Feature အစုံအလင်နဲ့အသုံးပြုချင်တယ်ဆိုရင် Desktop Web Browser ကနေ အသုံးပြုတာက အကောင်းဆုံးဖြစ်ပေမယ့် အခုဆိုရင် Android နဲ့ iOS App တွေအတွက် Feature အသစ်တွေလည်း ဆက်တိုက်ထည့်သွင်းပေးနေပြီဖြစ်ပါတယ်။

အခုလည်း YouTube ကနေ Web Browser မှာ အသုံးပြုနိုင်တာ နှစ်နဲ့ချီနေပြီဖြစ်တဲ့ Feature တစ်ခုကို Android နဲ့ iOS App မှာ စမ်းသပ်နေပြီလို့ သိရပါတယ်။ ဒါကတော့ YouTube မှာ ကိုယ့်စိတ်ကြိုက် Video တွေကို ဆက်တိုက်တန်းစီပြီး ဖွင့်နိုင်မယ့် Queueing System Feature ပဲဖြစ်ပါတယ်။

ဒီလိုမျိုး Queueing System ဟာ YouTube Music ကို အသုံးပြုသူတွေနဲ့ Chromecast အသုံးပြုသူတွေအတွက်တော့ ရင်းနှီးနေမယ့် Feature တစ်ခုဖြစ်ပေမယ့် မသိရှိသေးတဲ့သူတွေအတွက်ရှင်းပြရမယ်ဆိုရင် YouTube Video တစ်ခုကြည့်နေတုန်းမှာ နောက်ထပ်ဆက်ပြီး ကြည့်ချင်တဲ့ Video တွေကို Add to Queue အနေနဲ့ နှိပ်ပြီး ယာယီ Playlist တစ်ခုကို ဖန်တီးထားသလိုမျိုး အသုံးပြုရမှာဖြစ်ပါတယ်။

လောလောဆယ်မှာ YouTube ကနေ အခု Queueing System Feature ကို YouTube Premium မှာပဲ စမ်းသပ်နေပြီးတော့ Video တွေကို ကိုယ့်စိတ်ကြိုက်နေရာမှာ ရွေ့ပြောင်းပြီး ဖွင့်လှစ်နိုင်စေမယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာတော့ ပုံမှန် YouTube Free Version အသုံးပြုသူတွေမှာလည်း အခု Queueing System Feature ကို အသုံးပြုလာနိုင်ဖွယ်ရှိနေပါတယ်။

Ref – The Verge