Samsung ဟာ သူတို့ရဲ့ Flagship Foldable တွေကို ပြည်တွင်းဈေးကွက်၊ နိုင်ငံတကာဈေးကွက်တွေအတွက် ထုတ်လုပ်သလို၊ တရုတ်ဈေးကွက်အတွက်လည်း သီးသန့်ထုတ်လုပ်ရောင်းချလေ့ရှိပါတယ်။ နှစ်တိုင်းပဲ China Telecom exclusive အဖြစ် W-series တွေအနေနဲ့ ထုတ်လုပ်ခဲ့သလို ဒီနှစ်လည်း ထုတ်လုပ်ဦးမှာ ဖြစ်ပါတယ်။

တောင်ကိုရီးယားကုမ္ပဏီကြီးဟာ Foldable ဖုန်းတွေကို တရုတ်ဈေးကွက်အတွက် သီးသန့်ထုတ်လုပ်သလို ဈေးနှုန်းပိုင်းကလည်း သီးသန့်ဖြစ်ပါတယ်။ အခုတော့ Galaxy Z Fold3 5G တရုတ်ဗားရှင်းဖြစ်တဲ့ Samsung W22 5G ရဲ့ Render ပုံရိပ်တွေ ပေါက်ကြားထွက်ပေါ်လာတာကို တွေ့ရပါပြီ။ ဒီပုံတွေကိုသယ်ဆောင်လာတာကတော့ ဇာတ်လိုက်ကျော်ကြီး Evan Blass ပဲ ဖြစ်ပါတယ်။

စိတ်ဝင်စားဖို့ကောင်းတာက ငွေရောင်ဘောင်ဟာ Z Fold3 ရဲ့ မျက်နှာပြင်နားအထိရောက်နေတာဖြစ်ပါတယ်။ Render ပုံဟာ အဖက်ဖက်ကနေ ကြည့်လိုမရသေးတာကြောင့် Samsung W22 5G ရဲ့ အသေးစိတ်အနေအထားကိုတော့ မြင်တွေ့ရမှာမဟုတ်ပါဘူး။ သေချာတာကတော့ ထုံးစံအတိုင်း တရုတ်ဈေးကွက်အတွက်ထုတ်တာတွေက နိုင်ငံတကာဈေးကွက်အတွက်ထုတ်တာနဲ့ အနည်းငယ်ကွာခြားမှုတော့ ရှိနေတာပါပဲ။

နောက်ထပ် Foldable device တစ်ခုဖြစ်တဲ့ Samsung Galaxy Z Flip3 5G ကိုတော့ Navy Blue အရောင်နဲ့ တွေ့မြင်ရပါတယ်။ Galaxy Z Flip3 5G ကိုတော့ 3D model အနေနဲ့ ကြည့်ရှုနိုင်ပြီဆိုပေမဲ့ Screenshot တွေပဲ ဖော်ပြပေးလိုက်ပါတယ်။ မကြာခင်အချိန်အတွင်းမှာ ဒီဟန်းဆက်တွေရဲ့ အချက်အလက်အပြည့်အစုံလည်း ထွက်ပေါ်လာမယ်လို့ ယုံကြည်ရပါတယ်။

Ref: GSM Arena