[Zawgyi]

Vivo ဟာ တန္ဖိုးျမင့္ အမ်ိဳးအစားျဖစ္တဲ့ V Series, X Series ေတြအျပင္ Z Series သစ္ကို ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္မွာ စတင္ၿပီး မိတ္ဆက္ခဲ့ပါတယ္။ Vivo Z1 ဟာ Vivo X21 နဲ႔ Vivo V9 တို႔ေပါင္းစပ္ထားတဲ့ ဒီဇိုင္းမ်ိဳးလို႔ေတာင္ ေျပာလို႔ရခဲ့ပါတယ္။ အခုေတာ့ Vivo ဟာ Z1 Pro ကို အိႏၵိယေဈးကြက္ဆီ ပို႔ေဆာင္ေတာ့မွာ ျဖစ္ပါတယ္။

ကုမၸဏီဟာ သူတို႔ရဲ႕ တရားဝင္ အိႏၵိယဝက္ဘ္ဆိုက္မွာ Vivo Z1 Pro အတြက္ စာမ်က္ႏွာသစ္ ဖြင့္လိုက္တာကို ေတြ႕ျမင္ရၿပီ ျဖစ္ပါတယ္။ Z1 Pro ဟာ Punch-hole ပါဝင္တဲ့ စမတ္ဖုန္းတစ္လုံးျဖစ္ပါတယ္။ မ်က္ႏွာျပင္ရဲ႕ အေပၚဘက္ ဘယ္ဘက္ေထာင့္မွာ Selfie ကင္မရာကို Punch-hole နဲ႔အတူ ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။

ေက်ာဘက္မွာေတာ့ ကင္မရာသုံးလုံးကို အထက္ေအာက္ စီတန္းတပ္ဆင္ေပးထားတာကို ေတြ႕ျမင္ရၿပီး Fingerprint scanner ကိုလည္း ေတြ႕ျမင္ရပါတယ္။ ဒီစမတ္ဖုန္းဟာ Snapdragon 710 chipset ကို အသုံးျပဳထားမယ္လို႔ သိရပါတယ္။ ဘက္ထရီပမာဏကို အတိအက်မသိရေသးေပမယ့္ Standby time ၂၁ ရက္ ျဖစ္တယ္လို႔ေတာ့ သိရပါတယ္။

လက္ရွိသိရသေလာက္ကေတာ့ Z1 Pro ဟာ အမ်ိဳးအစားသစ္မဟုတ္ဘဲ ၿပီးခဲ့တဲ့လတုန္းက တ႐ုတ္ျပည္တြင္းမွာ မိတ္ဆက္ခဲ့တဲ့ Z5x ကို နာမည္ေျပာင္းထားတာလို႔ ဆိုပါတယ္။ အမွန္သာျဖစ္ခဲ့မယ္ဆိုရင္ေတာ့ မ်က္ႏွာျပင္ဟာ 6.53-inch LCD panel နဲ႔ 1080 x 2340 resolution ရွိမွာ ျဖစ္ပါတယ္။

Selfie ကင္မရာဟာ 16MP ျဖစ္ၿပီး ေက်ာဘက္ကင္မရာသုံးလုံးအနက္ အဓိကကင္မရာဟာ 16MP sensor နဲ႔ျဖစ္သလို၊ ဒုတိယကင္မရာကေတာ့ 8MP ultra-wide နဲ႔ တတိယကင္မရာက 2MP depth sensor တို႔ပဲ ျဖစ္ပါလိမ့္မယ္။ Z5x ရဲ႕ ဘက္ထရီပမာဏဟာ 5,000mAh ျဖစ္ၿပီး 18W အျမန္အားသြင္းစနစ္ကိုလည္း ေထာက္ပံ့ေပးထားပါတယ္။

Ref: GSMArena

[Unicode]

ကျောဘက်ကင်မရာ သုံးလုံး၊ Punch-hole နဲ့ Z1 Pro ကို အိန္ဒိယဈေးကွက်မှာ မိတ်ဆက်တော့မယ်

Vivo ဟာ တန်ဖိုးမြင့် အမျိုးအစားဖြစ်တဲ့ V Series, X Series တွေအပြင် Z Series သစ်ကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ စတင်ပြီး မိတ်ဆက်ခဲ့ပါတယ်။ Vivo Z1 ဟာ Vivo X21 နဲ့ Vivo V9 တို့ပေါင်းစပ်ထားတဲ့ ဒီဇိုင်းမျိုးလို့တောင် ပြောလို့ရခဲ့ပါတယ်။ အခုတော့ Vivo ဟာ Z1 Pro ကို အိန္ဒိယဈေးကွက်ဆီ ပို့ဆောင်တော့မှာ ဖြစ်ပါတယ်။

ကုမ္ပဏီဟာ သူတို့ရဲ့ တရားဝင် အိန္ဒိယဝက်ဘ်ဆိုက်မှာ Vivo Z1 Pro အတွက် စာမျက်နှာသစ် ဖွင့်လိုက်တာကို တွေ့မြင်ရပြီ ဖြစ်ပါတယ်။ Z1 Pro ဟာ Punch-hole ပါဝင်တဲ့ စမတ်ဖုန်းတစ်လုံးဖြစ်ပါတယ်။ မျက်နှာပြင်ရဲ့ အပေါ်ဘက် ဘယ်ဘက်ထောင့်မှာ Selfie ကင်မရာကို Punch-hole နဲ့အတူ တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ကျောဘက်မှာတော့ ကင်မရာသုံးလုံးကို အထက်အောက် စီတန်းတပ်ဆင်ပေးထားတာကို တွေ့မြင်ရပြီး Fingerprint scanner ကိုလည်း တွေ့မြင်ရပါတယ်။ ဒီစမတ်ဖုန်းဟာ Snapdragon 710 chipset ကို အသုံးပြုထားမယ်လို့ သိရပါတယ်။ ဘက်ထရီပမာဏကို အတိအကျမသိရသေးပေမယ့် Standby time ၂၁ ရက် ဖြစ်တယ်လို့တော့ သိရပါတယ်။

လက်ရှိသိရသလောက်ကတော့ Z1 Pro ဟာ အမျိုးအစားသစ်မဟုတ်ဘဲ ပြီးခဲ့တဲ့လတုန်းက တရုတ်ပြည်တွင်းမှာ မိတ်ဆက်ခဲ့တဲ့ Z5x ကို နာမည်ပြောင်းထားတာလို့ ဆိုပါတယ်။ အမှန်သာဖြစ်ခဲ့မယ်ဆိုရင်တော့ မျက်နှာပြင်ဟာ 6.53-inch LCD panel နဲ့ 1080 x 2340 resolution ရှိမှာ ဖြစ်ပါတယ်။

Selfie ကင်မရာဟာ 16MP ဖြစ်ပြီး ကျောဘက်ကင်မရာသုံးလုံးအနက် အဓိကကင်မရာဟာ 16MP sensor နဲ့ဖြစ်သလို၊ ဒုတိယကင်မရာကတော့ 8MP ultra-wide နဲ့ တတိယကင်မရာက 2MP depth sensor တို့ပဲ ဖြစ်ပါလိမ့်မယ်။ Z5x ရဲ့ ဘက်ထရီပမာဏဟာ 5,000mAh ဖြစ်ပြီး 18W အမြန်အားသွင်းစနစ်ကိုလည်း ထောက်ပံ့ပေးထားပါတယ်။

Ref: GSMArena