ကမ္ဘာအဝန်းမှာ လူတွေ စိတ်ဝင်စားနေကြတဲ့ ဒစ်ဂျစ်တယ် ပိုင်ဆိုင်မှု ပုံစံအသစ် ဖြစ်တဲ့ NFTs ကို ရောင်းချတဲ့ ပထမဆုံး စပိန်မြို့တော်ဟာ Zaragoza ဖြစ်လာပါတယ်။ NFTs ဟာ ဒစ်ဂျစ်တယ် ပစ္စည်းဖြစ်ပြီး ဓါတ်ပုံ၊ ပန်းချီ၊ ဗီဒီယိုတို့လို အရာတွေ ဖြစ်ပါတယ်။ လူတွေ ပို အသုံးပြုလာကြ၊ ဝယ်လာကြတာနဲ့အမျှ NFTs တန်ဖိုးတွေ တက်လာကြပါတယ်။

Zaragoza is the First Spanish City to Release NFTs

Zaragoza မြို့တော် ကောင်စီက NFTs တွေကို အကောင်အထည်ဖော်တဲ့ ပထမဆုံး စပိန်မြို့တော် ဖြစ်လာပါတယ်။ Fiestas del Pilar ကာလအတွင်း လည်ပတ်သူတွေဟာ Zaragoza မှာ ကျင်းပတဲ့ ယဉ်ကျေးမှု ပွဲတော် ၃ ခု ဖြစ်တဲ့ Cabezudos de la Pilara, El Berrugón နဲ့ La Forana တို့က NFTs တွေကို ပိုင်ဆိုင်ခွင့်ရမှာပါ။

Zaragoza, A City In Spain, Releases It's Own NFT's | by Filip Popovic | Oct, 2021 | Medium

NFTs တွေကို စုဆောင်းရတာ ပျော်စရာကောင်းသလို အစိုးရတွေအနေနဲ့ မြို့တော်သူ၊ မြို့တော်သားတွေနဲ့ ဆက်သွယ်ရာမှာ အကျိုးကျေးဇူးရစေပါတယ်။ မြို့တော်သူ၊ မြို့တော်သားတွေဟာ NFTs တွေကို အသုံးချပြီး လူထုအသိုက်အဝန်းကို တိုးတက်အောင်ပြုလုပ်နိုင်ပါတယ်။

ဒါတင်မကသေးပါဘူး။ Next Earth က ဖန်တီးတဲ့ Zaragoza ရဲ့ Virtual Land NFTs တွေကို ဝယ်ယူနိုင်မှာပါ။ Next Earth ဟာ ကမ္ဘာကြီးရဲ့ Virtual Version ဖြစ်ပြီး အဲဒီ တည်နေရာတွေကို NFTs အနေနဲ့ ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ Next Earth မှာ Zaragoza က တည်နေရာတွေကိုသာမကဘဲ တခြား မြို့တော်တွေက အထင်ကရ တည်နေရာတွေကိုပါ ဝယ်ယူနိုင်ပါတယ်။

Ref : newsbtc