[Zawgyi]

ထိုင္ဝမ္အေျခစုိက္ စမတ္ဖုန္းထုတ္လုပ္သူ Asus ဟာ သူတုိ႔ရဲ႕ ထုတ္ကုန္သစ္ ZenFone 6 ကို လာမယ့္ ေမလ ၁၆ ရက္ေန႔မွာ မိတ္ဆက္သြားမွာပါ။ အနည္းငယ္လိုေသးတာေၾကာင့္ ကုမၸဏီကလည္း စမတ္ဖုန္းသစ္နဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြကို မထုတ္ျပန္ေသးေပမယ့္ ZenFone 6 2019 စမတ္ဖုန္းသစ္ဟာ Geekbench ေပၚမွာ အဓိက Spec ေတြနဲ႔အတူ ထြက္ေပၚေနပါၿပီ။

ဒီစမတ္ဖုန္းက Geekbench ေပၚမွာ ေမာ္ဒယ္နံပါတ္ ASUS_I01WD အမည္နဲ႔ ေက်ာ္ျဖတ္လာခဲ့တာပါ။ မၾကာေသးခင္ကလည္း တူညီတဲ့ ေမာ္ဒယ္နံပါတ္နဲ႔ပဲ Wi-Fi Alliance ရဲ႕အတည္ျပဳခ်က္ကို ရယူခဲ့ပါေသးတယ္။

Benchmark မွတ္တမ္းေတြကေတာ့ ZenFone 6 ဟာ Snapdragon 855 SoC နဲ႔အတူ 6GB RAM မန္မုိရီကို ယူေဆာင္လာေၾကာင္း ေဖာ္ျပေနပါတယ္။ ZenFone 6 မွာ Android Pie OS ကိုအသုံးျပဳထားၿပီး Geekbench ရမွတ္ေတြက Single-core စမ္းသပ္မႈအတြက္ 3,527 နဲ႔ Multi-core အတြက္ 11,190 တုိ႔ အသီးသီး ရရွိခဲ့ပါတယ္။

ZenFone 6 အသစ္ဟာ မ်က္ႏွာျပင္မွာ Notch သုိ႔မဟုတ္ Punch-hole မပါဘဲ Sliding သုိ႔မဟုတ္ Pop-up ကင္မရာတစ္ခု ထည့္သြင္းလာမယ္လို႔ ေမွ်ာ္လင့္ထားတယ္။ ဒါေပမယ့္ ZenFone 6 လို႔ေခၚမွာလား ZenFone 6Z လို႔အမည္ေပးလာမလား ဆုိတာကို ေသခ်ာမသိရေသးပါဘူး။ ZenFone 5Z ဖုန္းတုန္းက Snapdragon 845 ကို အသုံးျပဳခဲ့တာေၾကာင့္ အခုဖုန္းကို ZenFone 6Z လို႔ေခၚမွာျဖစ္ေၾကာင္းလည္း ခန္႔မွန္းေနၾကပါတယ္။

ZenFone အသစ္ရဲ႕ မိတ္ဆက္ပြဲက တစ္လလုံးလုံး လိုေသးတာေၾကာင့္ ၾကားထဲမွာ ထပ္ၿပီး ၾကားသိရဦးမွာပါ။

Ref – GSM Arena

[Unicode]

ထိုင်ဝမ်အခြေစိုက် စမတ်ဖုန်းထုတ်လုပ်သူ Asus ဟာ သူတို့ရဲ့ ထုတ်ကုန်သစ် ZenFone 6 ကို လာမယ့် မေလ ၁၆ ရက်နေ့မှာ မိတ်ဆက်သွားမှာပါ။ အနည်းငယ်လိုသေးတာကြောင့် ကုမ္ပဏီကလည်း စမတ်ဖုန်းသစ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို မထုတ်ပြန်သေးပေမယ့် ZenFone 6 2019 စမတ်ဖုန်းသစ်ဟာ Geekbench ပေါ်မှာ အဓိက Spec တွေနဲ့အတူ ထွက်ပေါ်နေပါပြီ။

ဒီစမတ်ဖုန်းက Geekbench ပေါ်မှာ မော်ဒယ်နံပါတ် ASUS_I01WD အမည်နဲ့ ကျော်ဖြတ်လာခဲ့တာပါ။ မကြာသေးခင်ကလည်း တူညီတဲ့ မော်ဒယ်နံပါတ်နဲ့ပဲ Wi-Fi Alliance ရဲ့အတည်ပြုချက်ကို ရယူခဲ့ပါသေးတယ်။

Benchmark မှတ်တမ်းတွေကတော့ ZenFone 6 ဟာ Snapdragon 855 SoC နဲ့အတူ 6GB RAM မန်မိုရီကို ယူဆောင်လာကြောင်း ဖော်ပြနေပါတယ်။ ZenFone 6 မှာ Android Pie OS ကိုအသုံးပြုထားပြီး Geekbench ရမှတ်တွေက Single-core စမ်းသပ်မှုအတွက် 3,527 နဲ့ Multi-core အတွက် 11,190 တို့ အသီးသီး ရရှိခဲ့ပါတယ်။

ZenFone 6 အသစ်ဟာ မျက်နှာပြင်မှာ Notch သို့မဟုတ် Punch-hole မပါဘဲ Sliding သို့မဟုတ် Pop-up ကင်မရာတစ်ခု ထည့်သွင်းလာမယ်လို့ မျှော်လင့်ထားတယ်။ ဒါပေမယ့် ZenFone 6 လို့ခေါ်မှာလား ZenFone 6Z လို့အမည်ပေးလာမလား ဆိုတာကို သေချာမသိရသေးပါဘူး။ ZenFone 5Z ဖုန်းတုန်းက Snapdragon 845 ကို အသုံးပြုခဲ့တာကြောင့် အခုဖုန်းကို ZenFone 6Z လို့ခေါ်မှာဖြစ်ကြောင်းလည်း ခန့်မှန်းနေကြပါတယ်။

ZenFone အသစ်ရဲ့ မိတ်ဆက်ပွဲက တစ်လလုံးလုံး လိုသေးတာကြောင့် ကြားထဲမှာ ထပ်ပြီး ကြားသိရဦးမှာပါ။

Ref – GSM Arena