Zawgyi

Asus အေနနဲ႔ ZenFone Max Pro M1 ကို ၿပီးခဲ့တဲ့ ဧၿပီလတုန္းက အိႏၵိယႏိုင္ငံမွာ မိတ္ဆက္ခဲ့တာ ျဖစ္ပါတယ္။ မိတ္ဆက္ၿပီး ၆လအၾကာမွာေတာ့ ZenFone Max Pro M1 အလုံးေရ စုစုေပါင္း ၁မီလီယံ အထိ ေရာင္းထြက္သြားၿပီျဖစ္ေၾကာင္း Asus ဘက္မွ တရားဝင္ ထုတ္ျပန္ေၾကျငာခဲ့ပါတယ္။

 

Asus ZenFone Max Pro M1 ဟာ ဘက္ထရီ 5000mAh, Snapdragon 636 SoC, Full-HD+ Display , Dual Camera , Fingerprint နဲ႔ Face Unlock စနစ္တို႔ ပါဝင္တဲ့ အျပင္ Pure Android အသုံးျပဳ Budget စမတ္ဖုန္း ျဖစ္တာေၾကာင့္ အိႏၵိယႏိုင္ငံမွာ အခုလိုမ်ိဴး ေရာင္းအားေကာင္းခဲ့တာ ျဖစ္ႏိုင္ပါတယ္။ ျပည္တြင္းမွာလည္း ေတာ္ေတာ္ေလး ေရာင္းအားေကာင္းခဲ့တယ္လို႔ ၾကားသိခဲ့ရေပမယ့္ ဘယ္ေလာက္ထိ ေရာင္းအားေကာင္းလဲ ဆိုတာကိုေတာ့ ကြၽန္ေတာ္တို႔လည္း အတိအက် မသိရေသးပါဘူး။

Max Pro M1 ရဲ႕ RAM 3GB/ Storage 32GB ေမာ္ဒယ္ကို အိႏၵိယေငြ ၁၀,၉၉၉ ႐ူပီး၊ RAM 4GB/ Storage 64GB ေမာ္ဒယ္ကို အိႏၵိယေငြ ၁၂,၉၉၉ ႐ူပီးနဲ႔ အိႏၵိယႏိုင္ငံမွာ စတင္ေရာင္းခ်ခဲ့တာ ျဖစ္ၿပီး၊ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံမွာေတာ့ RAM 3GB/ Storage 32GB ေမာ္ဒယ္ကို ၂၃၉,၀၀၀ က်ပ္၊ RAM 4GB/ Storage 64GB ေမာ္ဒယ္ကို ၂၉၉,၀၀၀ က်ပ္နဲ႔ ေရာင္းခ်ေနတယ္လို႔ သိရပါတယ္။

Ref: gadgets.ndtv

Unicode

အိန္ဒိယနိုင်ငံမှာ ၆လအတွင်း အလုံးရေ ၁၀သိန်း အထိရောင်းချခဲ့ရတဲ့ Asus ZenFone Max Pro M1

Asus အနေနဲ့ ZenFone Max Pro M1 ကို ပြီးခဲ့တဲ့ ဧပြီလတုန်းက အိန္ဒိယနိုင်ငံမှာ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ မိတ်ဆက်ပြီး ၆လအကြာမှာတော့ ZenFone Max Pro M1 အလုံးရေ စုစုပေါင်း ၁မီလီယံ အထိ ရောင်းထွက်သွားပြီဖြစ်ကြောင်း Asus ဘက်မှ တရားဝင် ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

Asus ZenFone Max Pro M1 ဟာ ဘက်ထရီ 5000mAh, Snapdragon 636 SoC, Full-HD+ Display , Dual Camera , Fingerprint နဲ့ Face Unlock စနစ်တို့ ပါဝင်တဲ့ အပြင် Pure Android အသုံးပြု Budget စမတ်ဖုန်း ဖြစ်တာကြောင့် အိန္ဒိယနိုင်ငံမှာ အခုလိုမျိူး ရောင်းအားကောင်းခဲ့တာ ဖြစ်နိုင်ပါတယ်။ ပြည်တွင်းမှာလည်း တော်တော်လေး ရောင်းအားကောင်းခဲ့တယ်လို့ ကြားသိခဲ့ရပေမယ့် ဘယ်လောက်ထိ ရောင်းအားကောင်းလဲ ဆိုတာကိုတော့ ကျွန်တော်တို့လည်း အတိအကျ မသိရသေးပါဘူး။

Max Pro M1 ရဲ့ RAM 3GB/ Storage 32GB မော်ဒယ်ကို အိန္ဒိယငွေ ၁၀,၉၉၉ ရူပီး၊ RAM 4GB/ Storage 64GB မော်ဒယ်ကို အိန္ဒိယငွေ ၁၂,၉၉၉ ရူပီးနဲ့ အိန္ဒိယနိုင်ငံမှာ စတင်ရောင်းချခဲ့တာ ဖြစ်ပြီး၊ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ RAM 3GB/ Storage 32GB မော်ဒယ်ကို ၂၃၉,၀၀၀ ကျပ်၊ RAM 4GB/ Storage 64GB မော်ဒယ်ကို ၂၉၉,၀၀၀ ကျပ်နဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။

Ref: gadgets.ndtv