Samsung ၏ နောက်ဆုံးပေါ် မျိုးဆက်သစ် ခေါက်ချိုးစမတ်ဖုန်း Galaxy Z Flip3 အား ၂၀၂၁ ခုနှစ်၏ Consumer Electronics ကဏ္ဍအတွက် အကောင်းဆုံးတီထွင်ဆန်းသစ်မှုတစ်ခု အဖြစ် TIME မဂ္ဂဇင်းမှရွေးချယ်ခဲ့ခြင်းဖြစ်

ကမ္ဘာ့ထိပ်တန်း နည်းပညာကုမ္ပဏီကြီး တစ်ခုဖြစ်သော Samsung Electronics ၏ နောက်ဆုံးပေါ် မျိုးဆက်သစ် ခေါက်ချိုးစမတ်ဖုန်း Galaxy Z Flip3 သည် ကမ္ဘာကျော် TIME မဂ္ဂဇင်းကြီးမှ ရွေးချယ်သည့် ၂၀၂၁ ခုနှစ်၏ အကောင်းဆုံး တီထွင်ဆန်းသစ်မှု ၁၀၀ (The Best Innovations of 2021) စာရင်းတွင် ဖော်ပြခြင်း ခံခဲ့ရသည်။

“၂၀၀၀ ခုနှစ်ပတ်ဝန်းကျင်က ရေပန်းစားခဲ့တဲ့ ခေါက်ချိုး စမတ်ဖုန်းတွေကို ပြန်လည်အသက်သွင်းဖို့ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ စမတ်ဖုန်းကုမ္ပဏီအများအပြားဟာ အပြိုင်အဆိုင် ကြိုးစားခဲ့ကြပါတယ်။ အခုအချိန်မှာတော့ Samsung ဟာ သူ့ရဲ့ နောက်ဆုံးထုတ် Galaxy Z Flip3 စမတ်ဖုန်းနဲ့အတူ အားလုံးကို အနိုင်ယူလိုက်ပြီလို့ ပြောနိုင်ပါတယ်။ ဒီ Galaxy Z Flip3 စမတ်ဖုန်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ဝန်းကျင်က ခေါက်ချိုးစမတ်ဖုန်းတွေအတိုင်း ကျစ်လစ်တဲ့ တည်ဆောက်ပုံကို ပိုင်ဆိုင်ထားပေမဲ့ မတူညီတာကတော့ အရင် စမတ်ဖုန်းတွေရဲ့ သေးငယ်တဲ့ Display မျက်နှာပြင်နဲ့ ခလုတ်တွေနေရာမှာ စွမ်းဆောင်ရည်မြင့်မားတဲ့ ၆.၇” Display မျက်နှာပြင်နဲ့ ခေါက်ထားတဲ့ အချိန်မှာတောင် စာတိုတွေ၊ Notifications တွေနဲ့ အဝင်ခေါ်ဆိုမှုတွေကို ဖတ်ရှုနိုင်မယ့် Front Cover Screen တွေ ပါရှိလာတဲ့အချက်ပါ။ နောက်ထပ် သူမတူတဲ့ အားသာချက် တစ်ခုကတော့ ဈေးနှုန်းအနေနဲ့ အမေရိကန် ဒေါ်လာ ၉၉၉ ကနေစတင်ပြီး ဝယ်ယူနိုင်မှာ ဖြစ်တဲ့အတွက် ကမ္ဘာပေါ်မှာ ပထမဆုံး Foldable Display ပါဝင်တဲ့ ဒေါ်လာ ၁,၀၀၀ အောက် mainstream ဖုန်းတစ်လုံးဖြစ်လာခဲ့ပြီး နောက်ဆုံးပေါ် iPhone မော်ဒယ်တွေကိုပါ အကောင်းဆုံး ခြိမ်းခြောက် လာခဲ့ပါတယ်” ဟု TIME မဂ္ဂဇင်းမှ Galaxy ZFlip3 စမတ်ဖုန်းနှင့် ပတ်သက်၍ ရေးသားဖော်ပြခဲ့သည်။

TIME မဂ္ဂဇင်းသည် အဆိုပါ ၂၀၂၁ ခုနှစ်၏ အကောင်းဆုံး တီထွင်ဆန်းသစ်မှု ၁၀၀ စာရင်းအား ကဏ္ဍနယ်ပယ်ပေါင်း ၂၇ ခု ခွဲ၍ ဖော်ပြခဲ့ခြင်း ဖြစ်ပြီး Galaxy Z Flip3 သည် Consumer Electronics ကဏ္ဍတွင် ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။ ရွေးချယ်ခံရသည့် တီထွင်ဆန်းသစ်မှု ၁၀၀ စာရင်းအပြည့်အစုံအား https://time.com/collection/best-inventions-2021/ တွင် အသေးစိတ်ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်သည်။

နောက်ဆုံးပေါ် အဆင့်မြင့် မိုဘိုင်းနည်းပညာများနှင့် လုပ်ဆောင်ချက်များ ပါရှိသည့် Galaxy Z Flip3 သည် ကမ္ဘာတစ်ဝန်း၌ စံချိန်တင် ကြိုတင်မှာယူမှုများ ရရှိခဲ့သည့်နည်းတူ မြန်မာနိုင်ငံတွင်လည်း Galaxy Z Flip3 အား ကြိုတင်မှာယူမှု ပမာဏသည် ယခင် Galaxy Z Flip နှင့်နှိုင်းယှဉ်ပါက ၄.၉ ဆအထိ ပိုမိုများပြားခဲ့သည်။ မြန်မာနိုင်ငံတွင် Lavender နှင့် Cream အရောင်များ အပြင် တမူထူးခြားဆန်းသစ်သော Green အရောင်သစ်ဖြင့်လည်း ဝယ်ယူရရှိနိုင်ပြီဖြစ်သည့် အဆိုပါ Galaxy Z Flip3 စမတ်ဖုန်းအား လက်ရှိတွင် မြန်မာငွေကျပ် ၂,၅၂၉,၀၀၀ ကျပ်ဖြင့် ရောင်းချပေးလျက် ရှိသည်။ ထို့အပြင် Galaxy Z Flip3 အား ဝယ်ယူအားပေးသည့် အသုံးပြုသူများသည် လက်ရှိကိုင်ဆောင်ထားသော Galaxy ဖုန်းအဟောင်းများနှင့် လဲလှယ်ဝယ်ယူနိုင်မည့် Trade in Program၊ Clear Cover နှင့် အပိုထပ်ဆောင်းငွေသားလက်ဆောင်များ ခံစားနိုင်ခွင့်နှင့် No Worry Crack ဝန်ဆောင်မှုများ အပါအဝင် Samsung Myanmar မှ ပေးအပ်ထားသည့် အထူးခံစားခွင့်များကိုလည်း ခံစားရရှိသွားနိုင်မည် ဖြစ်သည်။ အသေးစိတ်အား Samsung Myanmar ၏ တရားဝင် Facebook စာမျက်နှာတွင် ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်သည်။

အလားတူပင် Samsung သည် အမေရိကန်နိုင်ငံအခြေစိုက် Consumer Technology Association (CTA) မှ ကျင်းပသော CES® (Consumer Electronics Show) 2022 Innovation Awards ဆုချီးမြှင့်ပွဲ အခမ်းအနားကြီး တွင်လည်း ဆုတံဆိပ်ပေါင်း ၄၃ ခုအား ဆွတ်ခူးရရှိခဲ့ကြောင်း ကြေညာခဲ့သည်။ အဆိုပါ CES Innovation Awards ဆုချီးမြှင့်ပွဲအား နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိပြီး ကမ္ဘာပေါ်တွင် အကြီးမားဆုံးနှင့် လွှမ်းမိုးနိုင်စွမ်းအရှိဆုံး နည်းပညာအခမ်းအနားကြီး တစ်ခုဖြစ်သည်။

CES 2022 Innovation Awards အခမ်းအနားတွင် Samsung သည် Galaxy Z Flip3 Bespoke Edition, Galaxy Z Fold3 5G, Galaxy Watch4, Galaxy A Series, Galaxy Buds2, Galaxy Book Pro 360, SmartTag+, 30” Smart Induction Built-In Cooktop နှင့် Top Load Washer (WA7700A) အပါအဝင် ၎င်း၏ နောက်ဆုံးပေါ် ထုတ်ကုန်များ အတွက် နည်းပညာ ကဏ္ဍအများအပြားတွင် အသိအမှတ်ပြု ဆုတံဆိပ်များအား ဆွတ်ခူးရရှိခဲ့ခြင်းလည်း ဖြစ်သည်။ ယခုနှစ် CES 2022 Innovation Awards ဆုချီးမြှင့်ပွဲတွင် စံချိန်တင်အဖြစ် နည်းပညာ ကဏ္ဍနယ်ပယ်ပေါင်း ၂၇ ခုအတွက် ထုတ်ကုန်ပေါင်း ၁,၈၀၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ CSE 2022 Innovation Awards အတွက် ဆုချီးမြှင့်ခံရသည့် ထုတ်ကုန်များ၏ စာရင်း အပြည့်အစုံအား https://ces.tech/Innovation-Awards/Honorees.aspx တွင် အသေးစိတ် ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်သည်။

Source – Samsung