[Zawgyi]

ZTE ရဲ႕ Flagship အသစ္ Axon 10 Pro 5G စမတ္ဖုန္းကို တရားဝင္မိတ္ဆက္ခဲ့ၿပီး ႏွစ္လအၾကာမွာေတာ့ ေစ်းကြက္ထဲကို စတင္ဝင္ေရာက္လာၿပီး တရုတ္အြန္လိုင္းဝက္ဆုိက္ JD.com ကေနတဆင့္ အမွာစာေတြ စတင္ လက္ခံေနတာကို ေတြ႕ရပါတယ္။ ဒီဖုန္းဟာ ZTE အတြက္ 5G နက္ဝပ္ကို ေျခခ်လာတဲ့ ပထမဆုံး စမတ္ဖုန္းလဲ ျဖစ္ပါတယ္။

Axon 10 Pro မွာ 6.47” လက္မအရြယ္ FHD+ AMOLED Screen သုံးစြဲထားၿပီး Water-drop Notch ထဲမွာေတာ့ 20MP ဆယ္ဖီကင္မရာ ပါဝင္တယ္။ အဆုိပါ Display ဟာ HDR 10 ကုိေထာက္ပံ့ေပးႏုိင္ၿပီး In-display Fingerprint လည္းပါဝင္တယ္။ ေနာက္ဘက္မွာေတာ့ 48MP f/1.8 အဓိက ကင္မရာကို 20MP Wide-angle နဲ႔ 8MP Telephoto Sensor တုိ႔ ထပ္ေပါင္းထားပါတယ္။

အတြင္းမွာ Snapdragon 855 ခ်စ္ပ္ဆက္နဲ႔အတူ X50 5G Modem ကို အသုံးျပဳထားတယ္။ မန္မုိရီက 6 / 8 / 12 GB ဆုိၿပီး RAM မွာသုံးမ်ဳိးနဲ႔ Storage က 128 / 256 GB ႏွစ္မ်ဳိးပါ။ File ေတြကို Read / Write လုပ္တဲ့ အျမန္ႏႈန္းပိုေစတဲ့ F2FS စနစ္လည္း အဓိကပါဝင္တယ္။ Android 9.0 ကိုအေျခခံထားတဲ့ MiFavor 9.0 ကို အသုံးျပဳထားပါတယ္။ ဘကၳရီကေတာ့ 4,000 mAh ျဖစ္ၿပီး 18W အားအျမန္သြင္းစနစ္နဲ႔ပါ။

လာမယ့္ ေမလ ၇ ရက္ေန႔မွာ စတင္ေရာင္းခ်သြားေတာ့မယ္လို႔ တရားဝင္ေၾကျငာထားေပမယ့္ ေစ်းႏႈန္းကိုေတာ့ မသိရေသးတာ ထူးျခားပါတယ္။ Axon 10 Pro ဖုန္းဟာ 6/128GB , 8/256GB နဲ႔ 12/256GB ဆုိၿပီး မန္မုိရီဗားရွင္းသုံးမ်ဳိးနဲ႔ထြက္လာမွာျဖစ္ၿပီး ေလာေလာဆယ္ အျပာေရာင္တစ္မ်ဳိးပဲရဦးမွာပါ။

Ref – GSM Arena

[Unicode]

ZTE ရဲ့ Flagship အသစ် Axon 10 Pro 5G စမတ်ဖုန်းကို တရားဝင်မိတ်ဆက်ခဲ့ပြီး နှစ်လအကြာမှာတော့ ဈေးကွက်ထဲကို စတင်ဝင်ရောက်လာပြီး တရုတ်အွန်လိုင်းဝက်ဆိုက် JD.com ကနေတဆင့် အမှာစာတွေ စတင် လက်ခံနေတာကို တွေ့ရပါတယ်။ ဒီဖုန်းဟာ ZTE အတွက် 5G နက်ဝပ်ကို ခြေချလာတဲ့ ပထမဆုံး စမတ်ဖုန်းလဲ ဖြစ်ပါတယ်။

Axon 10 Pro မှာ 6.47” လက်မအရွယ် FHD+ AMOLED Screen သုံးစွဲထားပြီး Water-drop Notch ထဲမှာတော့ 20MP ဆယ်ဖီကင်မရာ ပါဝင်တယ်။ အဆိုပါ Display ဟာ HDR 10 ကိုထောက်ပံ့ပေးနိုင်ပြီး In-display Fingerprint လည်းပါဝင်တယ်။ နောက်ဘက်မှာတော့ 48MP f/1.8 အဓိက ကင်မရာကို 20MP Wide-angle နဲ့ 8MP Telephoto Sensor တို့ ထပ်ပေါင်းထားပါတယ်။

အတွင်းမှာ Snapdragon 855 ချစ်ပ်ဆက်နဲ့အတူ X50 5G Modem ကို အသုံးပြုထားတယ်။ မန်မိုရီက 6 / 8 / 12 GB ဆိုပြီး RAM မှာသုံးမျိုးနဲ့ Storage က 128 / 256 GB နှစ်မျိုးပါ။ File တွေကို Read / Write လုပ်တဲ့ အမြန်နှုန်းပိုစေတဲ့ F2FS စနစ်လည်း အဓိကပါဝင်တယ်။ Android 9.0 ကိုအခြေခံထားတဲ့ MiFavor 9.0 ကို အသုံးပြုထားပါတယ်။ ဘက္ထရီကတော့ 4,000 mAh ဖြစ်ပြီး 18W အားအမြန်သွင်းစနစ်နဲ့ပါ။

လာမယ့် မေလ ၇ ရက်နေ့မှာ စတင်ရောင်းချသွားတော့မယ်လို့ တရားဝင်ကြေငြာထားပေမယ့် ဈေးနှုန်းကိုတော့ မသိရသေးတာ ထူးခြားပါတယ်။ Axon 10 Pro ဖုန်းဟာ 6/128GB , 8/256GB နဲ့ 12/256GB ဆိုပြီး မန်မိုရီဗားရှင်းသုံးမျိုးနဲ့ထွက်လာမှာဖြစ်ပြီး လောလောဆယ် အပြာရောင်တစ်မျိုးပဲရဦးမှာပါ။

Ref – GSM Arena