ZTE ကုမ္ပဏီဟာ Axon 20 5G စမတ်ဖုန်းသစ်ကို စက်တင်ဘာ ၁ ရက်နေ့မှာ မိတ်ဆက်သွားမှာဖြစ်ပြီး ကမ္ဘာ့ ပထမဆုံး Under-Display ကင်မရာနဲ့ စျေးကွက်တင် ဟန်းဆက် ဖြစ်လာမှာပါ။

Axon 20 5G ရဲ့ Display မှာ Notch နဲ့ Punch-hole တွေ မပါဘဲ ရှင်းလင်းနေတာကို အရှေ့မှာလည်း မကြာခဏ Tease လုပ်ခဲ့တာပါ။ ယနေ့ Weibo ပလက်ဖောင်းမှာ ZTE ကနေ တင်လာတဲ့ Teaser အသစ်မှာတော့ Punch-hole နဲ့ Pop-up ကင်မရာ မဟုတ်ဘဲ In-display ဆဲလ်ဖီးကင်မရာ အသုံးပြုထားတာကို ပထမဆုံးအကြိမ် အတည်ပြုလာခဲ့တာ ဖြစ်ပါတယ်။

ယမန်နေ့က ZTE ကနေ တင်ထားတဲ့ Axon 20 5G ပုံရိပ်ထဲမှာလည်း ဒီစမတ်ဖုန်းအသစ်မှာ 64MP ဦးဆောင်တဲ့ Quad-camera ပါဝင်တာကို မြင်တွေ့ထားရပါတယ်။ 64MP ယူနစ်ကိုတော့ 8MP Sensor တစ်ခုနဲ့ 2MP Sensor နှစ်ခု တို့က ဝန်းရံထားတယ်။

တရုတ်ပြည်တွင်းက အတည်ပြုပေးတဲ့ အာဏာပိုင် ပလက်ဖောင်းတွေမှာ မြင်တွေ့ထားရတဲ့ Specs တွေအရ Axon 20 5G စမတ်ဖုန်းမှာ 6.92” FullHD+ OLED Display ပါဝင်ပြီး Fingerprint ကိုလည်း Display အောက်မှာပဲ ထည့်ထားပါတယ်။ Display မျက်နှာပြင်အောက်က ဆဲလ်ဖီးကင်မရာက 32MP ဖြစ်ပြီး 4,120 mAh ဘက္ထရီကြီးမှာ Fast Charging စနစ် တစ်ခုခု ပါပါတယ်။

ZTE Axon 20 5G ဖုန်းဟာ 2.4GHz Octa-core ပရိုဆက်ဆာ အသုံးပြုထားပြီး Snapdragon 765G ချစ်ပ်ဆက်လို့ ယူဆရကာ မန်မိုရီပိုင်းမှာ အမြင့်ဆုံး 12GB RAM နဲ့ 256GB Storage ထိ ရရှိနိုင်မှာ ဖြစ်ပါတယ်။

Ref – GSMArena