ZTE Axon 40 Series ကို နောက် ၁ ပတ်မှာ ကြေညာတော့မှာ ဖြစ်ပြီး အနည်းဆုံး ဖုန်း ၃ လုံး ပါလာမှာပါ။ အခုတော့ အဲဒီအထဲက ၁ လုံး ဖြစ်တဲ့ Axon 40 Pro ရဲ့ ဓါတ်ပုံတွေ ပေါက်ကြားလာပြီး ဒီဇိုင်းကို လေ့လာလို့ရလာပါတယ်။

ZTE Axon 40 Pro emerges in new live images - GSMArena.com news

နောက်ဆုံး မျိုးဆက် မျက်နှာပြင်အောက် ဆဲလ်ဖီး ကင်မရာတွေ ပါလာမယ်လို့ ထင်ရတဲ့ Axon 40 နဲ့ Axon 40 Ultra တို့လို မဟုတ်ဘဲ Axon 40 Pro မှာ သမားရိုးကျ Punch Hole Cutout ကို ဆဲလ်ဖီး ကင်မရာအတွက် အသုံးပြုထားမှာ ဖြစ်ပါတယ်။ မျက်နှာပြင်ဟာ ဘေးဘက်တွေမှာ ကွေးညွှတ်နေပြီး မျက်နှာပြင်ဘေးဘောင်တွေဟာ ပါးလွှာပါတယ်။

ZTE Axon 40 Pro emerges in new live images - GSMArena.com news

အနောက်ဘက်မှာ အရွယ်ကြီး လေးထောင့် အကွက်ထဲက စက်ဝိုင်းပုံ အကွက် ၂ ခုထဲမှာ ကင်မရာ ၄ လုံး ထည့်သွင်းထားပါတယ်။ ပင်မ ကင်မရာက 100MP Sensor ဖြစ်ပြီး 1/1.33” Size, PDAF , Laser AF နဲ့ OIS ပါတဲ့ Samsung ရဲ့ ISOCELL HM2 ဖြစ်နိုင်ပါတယ်။ ZTE က ဟာ့ဒ်ဝဲ အဆင့် ကာကွယ်ရေးမှာ ပိုမိုတိုးတက်လာတဲ့ ကိုယ်တိုင်ထုတ် Security Chip ကို Axon 40 Series အတွက် ထည့်သွင်းပေးထားမယ်လို့ မကြာခင်က အတည်ပြုထားပါတယ်။

Ref : gsmarena