ZTE ဟာ ယခင်ကတည်းက စမတ်ဖုန်းတွေထဲမှာ တီထွင်ဖန်တီးမှုအသစ်တွေကို ဆက်တိုက်ပြုလုပ်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ အခုအချိန်အထိ စမတ်ဖုန်းတွေမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုနိုင်ခြင်းမရှိသေးတဲ့ Under Display Camera ကိုလည်း ZTE က ပထမဆုံးအနေနဲ့ ထည့်သွင်းခဲ့တာဖြစ်ပါတယ်။

အခုလည်း ZTE ကနေ Under Display Selfie Camera ပါဝင်တဲ့ Flagship ဖုန်းတစ်လုံးဖြစ်တဲ့ ZTE Axon 40 Series ဖုန်းတွေကို လာမယ့် မေလအတွင်းမှာ မိတ်ဆက်သွားတော့မှာပါ။ မိတ်ဆက်ဖို့ အချိန်နီးကပ်လာတာနဲ့အတူ ZTE Axon 40 Series မှာ ပါဝင်လာမယ့် Feature တွေကို Teaser အနေနဲ့ စတင်ဖော်ပြနေပြီဖြစ်ပါတယ်။

နောက်ဆုံး ZTE ကနေ ဖော်ပြလိုက်တဲ့ Feature တစ်ခုကတော့ ZTE Axon 40 Series ဖုန်းတွေမှာ Next Generation Stereo Speaker တွေကို အသုံးပြုလာမှာပဲဖြစ်ပါတယ်။ အခုလိုမျိုး အရည်အသွေးအလွန်မြင့်မားတဲ့ Stereo Speaker တွေအတွက် ZTE ဟာ Qualcomm Snapdragon Sound အပြင် dtsX Ultra Sound နည်းပညာတွေကို ဖုန်းရဲ့ Speaker တွေထဲမှာ ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။ ZTE ကတော့ Axon 40 Series ဖုန်းတွေရဲ့ အသံထွက်ဟာ အလွန့်အလွန်ကို ကောင်းမွန်မှာဖြစ်တယ်လို့ ကြွားလုံးထုတ်ထားပါတယ်။

အစောပိုင်းတုန်းက သိထားရတဲ့သတင်းတွေအရ ZTE Axon 40 Ultra ဖုန်းမှာ Triple 64MP Sensor တွေပါဝင်တဲ့ Camera Setup ကို အသုံးပြုထားမှာဖြစ်ပါတယ်။ ဒီအတွက် Main Sensor ကို Sony IMX787 Sensor နဲ့ ကျန်တဲ့ Ultrawide နဲ့ Telephoto Sensor တွေအတွက် OmniVision OV64GB Sensor တွေကို အသုံးပြုထားမှာဖြစ်ပါတယ်။

ZTE ဟာ Axon 40 Series ဖုန်းတွေကို လာမယ့် မေလ ၉ ရက်နေ့မှာ တရုတ်နိုင်ငံအတွင်းမှာ မိတ်ဆက်သွားမှာဖြစ်ပြီး မကြာခင်မှာ နောက်ထပ်ပါဝင်လာမယ့် Feature တွေကို သိရှိရမယ်လို့ ခန့်မှန်းရပါတယ်။

Ref – Gizmo China