Zawgyi

ZTE အေနနဲ႔ သူတို႔ရဲ႕ ေနာက္ဆုံးထြက္ Flagship စမတ္ဖုန္းျဖစ္တဲ့ Axon 9 Pro ကို International Funkausstellung Berlin (IFA 2018) မွာ မိတ္ဆက္ျပသခဲ့တာ ျဖစ္ပါတယ္။ ZTE Axon 9 Pro ဟာ ၿပီးခဲ့တဲ့ ၂၀၁၆ခုႏွစ္တုန္းက ထြက္ရွိခဲ့တဲ့ Axon 7 ရဲ႕ မ်ိဴးဆက္သစ္ စမတ္ဖုန္း ျဖစ္ပါတယ္။ အဆိုပါ မိတ္ဆက္ပြဲမွာ Axon 9 Pro ကို ဥေရာပမွာ ေရာင္းခ်သြားမယ့္ ေစ်းႏႈန္းကိုသာ ထုတ္ေဖာ္ေျပာၾကားခဲ့တာ ျဖစ္ၿပီး ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံ အပါအဝင္ တျခားစမတ္ဖုန္း ေစ်းကြက္ေတြမွာ ေရာင္းခ်သြားမယ့္ ေစ်းႏႈန္းကိုေတာ့ ထုတ္ျပန္ေၾကျငာသြားျခင္း မရွိပါဘူး။

ZTE Axon 9 Pro Specifications

Axon 9 Pro ဟာ Android 8.1 Oreo နဲ႔ ပြဲထြက္လာခဲ့တဲ့ စမတ္ဖုန္း ျဖစ္ပါတယ္။ မ်က္ႏွာျပင္အပိုင္းအတြက္ ၆.၂၁လက္မ အ႐ြယ္အစားရွိ FHD+ AMOLED Display ကို အသုံးျပဳထားၿပီး Resolution ကေတာ့ 1080 x 2248 pixels ရွိပါမယ္။ Processor အပိုင္းအတြက္ Snapdragon 845 SoC ကိုအသုံးျပဳထားၿပီး RAM အေနနဲ႔ 6GB ပါဝင္မွာပါ။ Memory Storage ကိုေတာ့ 128GB အထိ ထည့္သြင္းေပးထားပါတယ္။

ေနာက္ေက်ာဘက္ ကင္မရာ အတြက္ Aperture f/1.75 ရွိတဲ့ 12MP Camera (OIS) နဲ႔ 130-degrees Wide-angle ႐ိုက္ကူးႏိုင္မယ့္ 20MP Camera ေတြကို ေဒါင္လိုက္တပ္ဆင္ထားပါတယ္။ ေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ Aperture f/2.0 ရွိတဲ့ 20MP Camera ကို တပ္ဆင္ထားမွာပါ။ Axon 9 Pro ဟာ Water and Dust Resistance မွာ IP68 ရရွိထားတဲ့ စမတ္ဖုန္း တစ္လုံးျဖစ္ပါတယ္။ ဒါ့အျပင္ အသံပိုင္းဆိုင္ရာအတြက္ Dolby Atmos support လည္းရွိဦးမွာပါ။

Security အပိုင္းအတြက္ ေနာက္ေက်ာဘက္မွာ Fingerprint Sensor ကို တပ္ဆင္ထားမွာ ျဖစ္သလို Selfie ကင္မရာကေန တဆင့္ Face Unlock စနစ္ကိုလည္း အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။ ဘက္ထရီ သိုေလွာင္မႈ ပမာဏ 4000mAh ထည့္သြင္းေပးထားၿပီး Qualcomm ရဲ႕ Quick Charge 4+ အျမန္အားသြင္းစနစ္ကိုလည္း အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ႀကိဳးမဲ့အားသြင္းစနစ္ကိုလည္း ေထာက္ပံ့ေပးထားပါေသးတယ္။

ZTE Axon 9 Pro ကို အေရာင္ေတြအေနနဲ႔ Black , Blue ဆိုၿပီး အေရာင္ ၂မ်ိဴး ေ႐ြးခ်ယ္ဝယ္ယူႏိုင္မွာ ျဖစ္ၿပီး ေစ်းႏႈန္းကေတာ့ ယူ႐ို ၆၄၉ (ျမန္မာေငြ ၁၁သိန္းခြဲ ဝန္းက်င္ ) က်သင့္မွာ ျဖစ္ပါတယ္။ ေလာေလာဆယ္မွာေတာ့ Axon 9 Pro ကို စက္တင္ဘာလကုန္ေလာက္မွာ ဂ်ာမနီႏိုင္ငံမွာပဲ စတင္ေရာင္းခ်ဦးမွာ ျဖစ္ၿပီး ကမာၻ႔အႏွံ႔အျပားကို ျဖန္႔ခ်ီမယ့္ ေန႔ရက္နဲ႔ ေရာင္းခ်သြားမယ့္ ေစ်းႏႈန္းကိုေတာ့ အတိအက် မသိရေသးပါဘူး။

Ref:gadgets.ndtv

Unicode

Quick Charge 4+, IP68, Dolby Atomos တွေနဲ့ ပွဲထွက်လာခဲ့တဲ့ ZTE Axon 9 Pro

ZTE အနေနဲ့ သူတို့ရဲ့ နောက်ဆုံးထွက် Flagship စမတ်ဖုန်းဖြစ်တဲ့ Axon 9 Pro ကို International Funkausstellung Berlin (IFA 2018) မှာ မိတ်ဆက်ပြသခဲ့တာ ဖြစ်ပါတယ်။ ZTE Axon 9 Pro ဟာ ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Axon 7 ရဲ့ မျိူးဆက်သစ် စမတ်ဖုန်း ဖြစ်ပါတယ်။ အဆိုပါ မိတ်ဆက်ပွဲမှာ Axon 9 Pro ကို ဥရောပမှာ ရောင်းချသွားမယ့် စျေးနှုန်းကိုသာ ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပြီး ကျွန်တော်တို့ မြန်မာနိုင်ငံ အပါအဝင် တခြားစမတ်ဖုန်း စျေးကွက်တွေမှာ ရောင်းချသွားမယ့် စျေးနှုန်းကိုတော့ ထုတ်ပြန်ကြေငြာသွားခြင်း မရှိပါဘူး။

ZTE Axon 9 Pro Specifications

Axon 9 Pro ဟာ Android 8.1 Oreo နဲ့ ပွဲထွက်လာခဲ့တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ မျက်နှာပြင်အပိုင်းအတွက် ၆.၂၁လက်မ အရွယ်အစားရှိ FHD+ AMOLED Display ကို အသုံးပြုထားပြီး Resolution ကတော့ 1080 x 2248 pixels ရှိပါမယ်။ Processor အပိုင်းအတွက် Snapdragon 845 SoC ကိုအသုံးပြုထားပြီး RAM အနေနဲ့ 6GB ပါဝင်မှာပါ။ Memory Storage ကိုတော့ 128GB အထိ ထည့်သွင်းပေးထားပါတယ်။

နောက်ကျောဘက် ကင်မရာ အတွက် Aperture f/1.75 ရှိတဲ့ 12MP Camera (OIS) နဲ့ 130-degrees Wide-angle ရိုက်ကူးနိုင်မယ့် 20MP Camera တွေကို ဒေါင်လိုက်တပ်ဆင်ထားပါတယ်။ ရှေ့ဘက်မျက်နှာပြင်မှာတော့ Aperture f/2.0 ရှိတဲ့ 20MP Camera ကို တပ်ဆင်ထားမှာပါ။ Axon 9 Pro ဟာ Water and Dust Resistance မှာ IP68 ရရှိထားတဲ့ စမတ်ဖုန်း တစ်လုံးဖြစ်ပါတယ်။ ဒါ့အပြင် အသံပိုင်းဆိုင်ရာအတွက် Dolby Atmos support လည်းရှိဦးမှာပါ။

Security အပိုင်းအတွက် နောက်ကျောဘက်မှာ Fingerprint Sensor ကို တပ်ဆင်ထားမှာ ဖြစ်သလို Selfie ကင်မရာကနေ တဆင့် Face Unlock စနစ်ကိုလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏ 4000mAh ထည့်သွင်းပေးထားပြီး Qualcomm ရဲ့ Quick Charge 4+ အမြန်အားသွင်းစနစ်ကိုလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကြိုးမဲ့အားသွင်းစနစ်ကိုလည်း ထောက်ပံ့ပေးထားပါသေးတယ်။

ZTE Axon 9 Pro ကို အရောင်တွေအနေနဲ့ Black , Blue ဆိုပြီး အရောင် ၂မျိူး ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပြီး စျေးနှုန်းကတော့ ယူရို ၆၄၉ (မြန်မာငွေ ၁၁သိန်းခွဲ ဝန်းကျင် ) ကျသင့်မှာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ Axon 9 Pro ကို စက်တင်ဘာလကုန်လောက်မှာ ဂျာမနီနိုင်ငံမှာပဲ စတင်ရောင်းချဦးမှာ ဖြစ်ပြီး ကမ္ဘာ့အနှံ့အပြားကို ဖြန့်ချီမယ့် နေ့ရက်နဲ့ ရောင်းချသွားမယ့် စျေးနှုန်းကိုတော့ အတိအကျ မသိရသေးပါဘူး။

Ref:gadgets.ndtv