ZTE ဟာ ပြီးခဲ့တဲ့ရက်ကကျင်းပခဲ့တဲ့ China Mobile Global Partner Conference မှာ Axon 20 5G Extreme Edition ကို ဖြန့်ချိခဲ့ပါတယ်။ ဒါတင်မကသေးဘဲ လျှို့ဝှက်ချက်လိုဖြစ်နေတဲ့ Blade 20 Pro 5G မိုလ်ဘိုင်းဖုန်းအကြောင်းကိုလည်း သိရှိနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီမော်ဒယ်ကတော့ ဒီလအစောပိုင်းက ဖြန့်ချိခဲ့တဲ့ Blade 20 5G ရဲ့ High-end version ဖြစ်ပါတယ်။

Blade 20 Pro 5G မှာ Samsung ရဲ့ 7nm EUV လုပ်ငန်းစဉ်ကို အသုံးပြုတည်ဆောက်ထားတဲ့ Snapdragon 765G chipset ကို အသုံးပြုထားပါတယ်။ Clock speed 2.3GHz အထိရှိတဲ့ Eight-core Kryo 475 CPU လည်းဖြစ်ပါတယ်။ Processor ဟာ Adreno 620 GPU ကို ပေါင်းစပ်ထားတာပါ။ ဒီ Chip ဟာ လက်ရှိရေပန်းစားနေတဲ့ဂိမ်းတွေကို ချောချောမွေ့မွေ့ ကစားနိုင်မှာ ဖြစ်ပါတယ်။

ဓါတ်ပုံအတွက်တော့ AI beauty ထောက်ပံ့ထားတဲ့ 20MP selfie ကင်မရာရှိပါတယ်။ ကျောဘက်မှာတော့ 64MP အဓိကကင်မရာအပါအဝင် ကင်မရာလေးလုံးတပ်ဆင်ထားပါတယ်။ Blade 20 Pro 5G ဟာ လွန်ခဲ့တဲ့လအနည်းငယ်က စတင်မိတ်ဆက်ခဲ့တဲ့ Blade 20 5G ကို အဆင့်မြှင့်တင်ထားတာပါပဲ။ Blade 20 5G ရဲ့ မျက်နှာပြင်ဟာ 6.52-inch IPS LCD waterdrop screen ဖြစ်ပြီး HD+ resolution နဲ့ 720×1600 pixels ရှိပါတယ်။

Blade 20 5G မှာ Dimensity 720 Chip တပ်ဆင်ထားပါတယ်။ ARM architecture ပေါ်အခြေခံထားပြီး Cortex-A76 Cores 2.0GHz clocked နဲ့ 2.0GHz clocked ရှိတဲ့ 6 Energy-efficient cores ပါဝင်ပါတယ်။ 4,000mAh ဘက်ထရီတပ်ဆင်ထားပေမယ့် အမြန်အားသွင်းစနစ်တော့ ထောက်ပံ့ထားခြင်းမရှိပါဘူး။ Pro ဗားရှင်းမှာ ကျောဘက်ကင်မရာ လေးလုံးပါဝင်ပေမယ့် Blade 20 5G မှာတော့ ကျောဘက်ကင်မရာသုံးလုံးပဲ ပါဝင်ပါတယ်။

Blade 20 5G ရဲ့ ကျောဘက်ကင်မရာတွေကတော့ 16MP အဓိကကင်မရာ၊ 8MP ultra-wide နဲ့ 2MP depth တို့ပဲ ဖြစ်ပါတယ်။ Blade 20 Pro 5G ကတော့ 6GB of RAM နဲ့ 128GB storage ဖြစ်ပြီး 4,000mAh ဘက်ထရီကို တပ်ဆင်ထားပါတယ်။ အမြန်အားသွင်းစနစ်ထောက်ပံ့မှုပါရှိပါတယ်။ ဈေးနှုန်းကိုမသိရသေးပေမယ့် ZTE အနေနဲ့ ဒီနိုဝင်ဘာလထဲမှာပဲ Axon 20 5G Extreme Edition နဲ့အတူ ရောင်းချမယ်လို့ မျှော်လင့်ရပါတယ်။

Ref: Gizmochina