Zawgyi

ZTE Blade A7 ဖုန္းကို အၾကိဳအမွာစာ လက္ခံလိုက္တဲ့အခ်ိန္မွာေတာ့ အလြန္အမင္းေစ်းခ်ဳိ ဘတ္ဂ်က္ဖုန္း ေစ်းကြက္ဟာ ျပန္လည္ႏိုးထလာဦးမယ္လို႔ ယူဆရပါတယ္။ ဒီဖုန္းမွာ Helio P60 ခ်စ္ပ္ဆက္နဲ႔ 16MP ကင္မရာ တစ္လုံး တုိ႔လို Specs ေတြပါဝင္လာၿပီး တရုတ္ယြမ္ေငြ ၅၉၉ (ျမန္မာေငြတစ္သိန္းသုံးေသာင္းေက်ာ္) ခန္႔သာ ေစ်းႏႈန္းသတ္မွတ္လာတယ္။

Blade A7 မွာ မန္မုိရီအတြဲႏွစ္မ်ဳိးထြက္လာၿပီး အေျခခံ 2GB RAM / 32 GB Storage ဗားရွင္းနဲ႔ 3 / 64 GB တုိ႔ျဖစ္ပါတယ္။ မ်က္ႏွာျပင္ကေတာ့ Notch တစ္ခုနဲ႔ 6.1” လက္မအရြယ္ LCD Display ျဖစ္ကာ ဖုန္းေပၚမွာ Fingerprint ပါလာတာ မေတြ႕ရပါဘူး။ ဒါေပမယ့္ 5MP ဆယ္ဖီကင္မရာေလးမွာ Face Unlock စနစ္ပါဝင္သလို AI Feature အခ်ဳိ႕လည္း ထည့္သြင္းလာတယ္။

အဓိက ကင္မရာကိုလည္း “AI” လို႔ေဖာ္ျပလာၿပီး ျမင္ကြင္းေပၚက အရာဝတၳဳေတြကို အလိုအေလွ်ာက္ သိမွတ္ေပးမယ့္ စနစ္နဲ႔ ကာလာေရြးခ်ယ္ေပးျခင္း စတာေတြ ပါလာမွာပါ။ ဒီစမတ္ဖုန္းဟာ Android 9 ကုိ အေျခခံထားတဲ့ MiFavor 9.0 UI အသုံးျပဳထားၿပီး မတူညီတဲ့ သုံးစြဲမႈေတြကိုလုိက္ကာ CPU နဲ႔ GPU စြမ္းေဆာင္ရည္ကို လိုက္ေလ်ာေျပာင္းလဲေပးႏုိင္တယ္။

ZTE Blade A7 ဖုန္းဟာ အေျခခံေမာ္ဒယ္ကိုေတာ့ အျပာေရာင္တစ္မ်ဳိးထဲနဲ႔ ရရွိႏုိင္ၿပီး 3 / 64GB ဗားရွင္းကေတာ့ အနက္ေရာင္ပါ ရရွိမွာျဖစ္ကာ တရုတ္ယြမ္ ၆၉၉ (ျမန္မာေငြ တစ္သိန္းေျခာက္ေသာင္းနီးနီး) က်သင့္မွာ ျဖစ္ပါတယ္။ ေစ်းကြက္ထဲကိုေတာ့ ေမလ ၁၇ ရက္ေန႔မွာ အြန္လိုင္းကေန Flash Sale နဲ႔ေရာင္းခ်သြားမွာျဖစ္ၿပီး ေနာက္ထပ္ နည္းနည္းၾကာမွ အေရာင္းဆုိင္ေတြေပၚ ေရာက္မွာပါ။

Ref – GSM Arena

Unicode

ZTE Blade A7 ဖုန်းကို အကြိုအမှာစာ လက်ခံလိုက်တဲ့အချိန်မှာတော့ အလွန်အမင်းဈေးချို ဘတ်ဂျက်ဖုန်း ဈေးကွက်ဟာ ပြန်လည်နိုးထလာဦးမယ်လို့ ယူဆရပါတယ်။ ဒီဖုန်းမှာ Helio P60 ချစ်ပ်ဆက်နဲ့ 16MP ကင်မရာ တစ်လုံး တို့လို Specs တွေပါဝင်လာပြီး တရုတ်ယွမ်ငွေ ၅၉၉ (မြန်မာငွေတစ်သိန်းသုံးသောင်းကျော်) ခန့်သာ ဈေးနှုန်းသတ်မှတ်လာတယ်။

Blade A7 မှာ မန်မိုရီအတွဲနှစ်မျိုးထွက်လာပြီး အခြေခံ 2GB RAM / 32 GB Storage ဗားရှင်းနဲ့ 3 / 64 GB တို့ဖြစ်ပါတယ်။ မျက်နှာပြင်ကတော့ Notch တစ်ခုနဲ့ 6.1” လက်မအရွယ် LCD Display ဖြစ်ကာ ဖုန်းပေါ်မှာ Fingerprint ပါလာတာ မတွေ့ရပါဘူး။ ဒါပေမယ့် 5MP ဆယ်ဖီကင်မရာလေးမှာ Face Unlock စနစ်ပါဝင်သလို AI Feature အချို့လည်း ထည့်သွင်းလာတယ်။

အဓိက ကင်မရာကိုလည်း “AI” လို့ဖော်ပြလာပြီး မြင်ကွင်းပေါ်က အရာဝတ္ထုတွေကို အလိုအလျှောက် သိမှတ်ပေးမယ့် စနစ်နဲ့ ကာလာရွေးချယ်ပေးခြင်း စတာတွေ ပါလာမှာပါ။ ဒီစမတ်ဖုန်းဟာ Android 9 ကို အခြေခံထားတဲ့ MiFavor 9.0 UI အသုံးပြုထားပြီး မတူညီတဲ့ သုံးစွဲမှုတွေကိုလိုက်ကာ CPU နဲ့ GPU စွမ်းဆောင်ရည်ကို လိုက်လျောပြောင်းလဲပေးနိုင်တယ်။

ZTE Blade A7 ဖုန်းဟာ အခြေခံမော်ဒယ်ကိုတော့ အပြာရောင်တစ်မျိုးထဲနဲ့ ရရှိနိုင်ပြီး 3 / 64GB ဗားရှင်းကတော့ အနက်ရောင်ပါ ရရှိမှာဖြစ်ကာ တရုတ်ယွမ် ၆၉၉ (မြန်မာငွေ တစ်သိန်းခြောက်သောင်းနီးနီး) ကျသင့်မှာ ဖြစ်ပါတယ်။ ဈေးကွက်ထဲကိုတော့ မေလ ၁၇ ရက်နေ့မှာ အွန်လိုင်းကနေ Flash Sale နဲ့ရောင်းချသွားမှာဖြစ်ပြီး နောက်ထပ် နည်းနည်းကြာမှ အရောင်းဆိုင်တွေပေါ် ရောက်မှာပါ။

Ref – GSM Arena