ZTE Blade A7s 2020 ဟာ ပြီးခဲ့တဲ့ ဇွန်လတုန်းက ဖက်ဒရယ်ဆက်သွယ်ရေးကော်မရှင် (FCC) ဆီကနေ အတည်ပြုချက် ရရှိခဲ့ပါတယ်။ ဇူလိုင်လမှာတော့ Bluetooth SIG က အတည်ပြုခဲ့ပြန်ပါတယ်။ ဒါ့အပြင် ဇူလိုင်လကုန်မှာ ဒီဟန်းဆက်ကို Google Play Console မှာလည်း တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

အခုလတ်တလောမှာ ပေါက်ကြားသတင်းနဲ့ပတ်သက်ရင် ရေပန်းစားလာတဲ့ Sudhashu Ambhore ကတော့ ဟန်းဆက်ရဲ့ တရားဝင် Render တွေနဲ့ ဈေးနှုန်းကိုပါ ဖော်ထုတ်လိုက်ပြီ ဖြစ်ပါတယ်။ ပေါက်ကြားမှုအရ ZTE Blade A7s 2020 ဟာ 6.5-inch IPS LCD display နဲ့ဖြစ်ပြီး Waterdrop လည်း ပါဝင်တယ်လို့ သိရပါတယ်။

အသုံးပြုထားတဲ့ SoC ကတော့ UNISOC SC9863A ဖြစ်ပြီး 3GB of RAM နဲ့ တွဲဖက်ထားတယ်လို့ သိရပါတယ်။ သိုလှောင်မှုပမာဏကတော့ 64GB ဖြစ်ပါတယ်။ microSD ကတ်ထည့်သွင်းလို့ရတဲ့ Hybrid SIM ကတ်အထိုင်နဲ့ဖြစ်ပြီး 4,000mAh ပမာဏ ဘက်ထရီတပ်ဆင်ထားသလို 10W အားသွင်းစနစ်လည်း ထောက်ပံ့ပေးထားပါသေးတယ်။

Selfie ကင်မရာကတော့ 8MP ဖြစ်ပါတယ်။ ကျောဘက်မှာ 16MP အဓိက ကင်မရာနဲ့အတူ 8MP lens, 2MP sensor တွေ တပ်ဆင်ပေးထားတယ်လို့ သိရပါတယ်။ 3.5mm audio jack နဲ့ USB-C port တွေလည်းပါဝင်ပြီး Fingerprint စနစ်လည်း ထောက်ပံ့ပေးထားပါတယ်။

Render အရ အပြာနဲ့ အနက်ရောင်နှစ်မျိုးရှိသလို ပေါက်ကြားမှုအရ 2GB+64GB အမျိုးအစားနဲ့၊ 3GB+64GB အမျိုးအစားဆိုပြီး နှစ်မျိုးရှိတယ်လို့လည်း သိရပါတယ်။ ဈေးနှုန်းကတော့ 99 Euros နဲ့ 110 Euros တွေဖြစ်နိုင်ပြီး 10 Euros လောက်တော့ ကွာခြားသွားနိုင်တယ်လို့ Tipster ကဆိုပါတယ်။

Ref: Gizmochina