ZTE ရဲ့ ဖုန်း အသစ် ၁ လုံးကို မကြာခင် တွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။ ZTE Blade V2021 5G လို့ နာမည်ပေးထားပြီး အခုတော့ မိတ်ဆက်ပွဲ မတိုင်ခင်မှာပဲ တရုတ်က စတိုး Jingdong(JD) မှာ အမှာစာတွေ လက်ခံပေးနေပါတယ်။ ZTE Blade V2021 5G ကို ဒီဇင်ဘာလ ၂ ရက်နေ့မှာ ကြေညာမှာ ဖြစ်ပြီး ZTE ရဲ့ ပိုစတာနဲ့ Jingdong မှာ အဲဒီဖုန်းရဲ့ ဒီဇိုင်းကို လေ့လာလို့ရလာပါတယ်။

ZTE Blade V2021 5G

ZTE Blade V2021 5G မှာ အရွယ်သေး Notch ထည့်သွင်းထားပြီး မျက်နှာပြင် ပတ်လည်က ဘောင်တွေဟာ ပါးလွှာပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၃ လုံးနဲ့ LED Flash ၁ လုံးကို လေးထောင့် အကွက်ထဲမှာ ထည့်သွင်းထားပြီး 48MP Main , 8MP Ultrawide Angle နဲ့ 2MP Depth တွေ ဖြစ်ပါတယ်။ အနောက်ဘက် အလယ်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး အနောက်ဘက်ကို ပလတ်စတစ်နဲ့ တည်ဆောက်ထားတယ်လို့ JD မှာ ဖော်ပြထားပါတယ်။

ZTE Archives – A3 TechWorld

JD ကစာရင်းအရ အဲဒီဖုန်းမှာ နားကြပ် မလိုဘဲ FM Radio ဖွင့်နိုင်တယ်လို့ သိရပြီး DTS Surround Sound နဲ့ Face Unlock ပါပါတယ်။ Fantasy Blue, Space Gray နဲ့ Space Silver အရောင်တွေ ထုတ်လုပ်ထားမှာ ဖြစ်ပါတယ်။

ZTE ဟာ အောက်တိုဘာလ ၂၂ ရက်နေ့ကမှ Blade V2020 5G ကို ကြေညာခဲ့ပြီး ၆ ပတ်လောက်အကြာမှာ ဖုန်း အသစ် ကြေညာမယ်ဆိုတာက ထူးဆန်းပါတယ်။ ကုမ္ပဏီဟာ Axon 20 5G ရဲ့ Extreme Edition ကိုလည်း မိတ်ဆက်ဖို့ စီစဉ်နေပါတယ်။

Ref : gizmochina