ZTE Mobile Devices ရဲ့ ဥက္ကဌ Ni Fei က Zhuhai လေကြောင်းပြပွဲကို တက်ရောက်ခဲ့ပြီး လေယာဉ်တွေရဲ့ စွမ်းဆောင်ရည်ကို ဓါတ်ပုံရိုက်ဖို့အတွက် ZTE Axon 40 Ultra Aerospace Edition ကို ယူဆောင်လာခဲ့ပါတယ်။ အဲဒီ စမတ်ဖုန်းကို ထုတ်လုပ်ရောင်းချမယ်ဆိုတာ ဒါ ပထမဆုံး အကြိမ် အနေနဲ့ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

ZTE Axon 30 Ultra Space Version

Axon 40 Ultra Aerospace Edition ဟာ 18GB RAM နဲ့ 1TB Storage ပါတဲ့ Axon 30 Ultra Aerospace Edition ရဲ့ မျိုးဆက်သစ် ဖြစ်ပါတယ်။ စမတ်ဖုန်း ၂ လုံးရဲ့ အပြင်ဘက် ဒီဇိုင်းဟာ အများစု တူညီပါတယ်။

ZTE Axon 40 Ultra Aerospace Edition ဟာ Axon 40 Ultra ကို အဆင့်မြှင့်ထားမှာ ဖြစ်ပါတယ်။ Axon 40 Ultra ရဲ့ အမြင့်ဆုံး မော်ဒယ်မှာ 16GB RAM နဲ့ 1TB Storage ပါလာမှာဖြစ်ပြီး Axon 40 Ultra Aerospace Edition မှာ 2GB RAM အပို ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ZTE Axon 40 Ultra Aerospace Edition ဟာ Axon 40 Ultra ထက် ဒီဇိုင်းပိုလှအောင် ဖန်တီးထားမှာ ဖြစ်ပါတယ်။ Qualcomm Snapdragon 8 Series Chip ကို အသုံးပြုထားနိုင်ပြီး UFS 3.1 Storage နဲ့ LPDDR5 Memory ထည့်သွင်းထားနိုင်ပါတယ်။

https://fdn.gsmarena.com/imgroot/news/22/11/zte-axon-40-ultra-space-edition/camera/gsmarena_001.jpg

https://fdn.gsmarena.com/imgroot/news/22/11/zte-axon-40-ultra-space-edition/camera/gsmarena_002.jpg

ZTE Axon 40 Ultra Space Version

Ni Fei က ZTE Axon 40 Ultra Aerospace Edition နဲ့ ရိုက်ကူးထားတဲ့ လေကြောင်းပြပွဲက ဓါတ်ပုံတွေကို မျှဝေထားပါတယ်။ ကင်မရာတွေဟာ မူလ Ultra နဲ့ တူညီပြီး 64MP Wide, Ultra Wide နဲ့ Telephoto တွေ ဖြစ်ပါတယ်။

Ref : gsmarena