Zawgyi

ZTE ကနေ မကြာခင်မှာ Flagship စမတ်ဖုန်းတစ်ခုဖြစ်လာမယ့် Nubia Z20 ကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အစောပိုင်းတုန်းက ဒီ Nubia Z20 ဖုန်းမှာ 20x Hybrid Zoom Camera Setup ပါလာမှာကလွဲပြီး တခြားသော Specs တွေကို မသိရှိရသေးပေမယ့် အခုအချိန်မှာတော့ Specs တွေအကုန်လုံးက ထွက်ပေါ်လာပြီဖြစ်ပါတယ်။



ဒါတင်မဟုတ်သေးဘဲ Nubia Z20 ရဲ့ ဓါတ်ပုံပါ Leak ထွက်လာပြီး Notch မပါတဲ့ Curved Display ဖြစ်တယ်ဆိုတာကိုပါ သေချာသွားစေခဲ့ပါတယ်။ Camera ပိုင်းအနေနဲ့ Triple Camera Setup ကို သုံးလာမှာဖြစ်ပြီး 48MP Primary Sensor နဲ့ Selfie Camera ကိုတော့ Pop-up 16MP Sensor တပ်ဆင်ထားတယ်လို့သိရပါတယ်။


Ref – GSM Arena

Unicode

ZTE ကနေ မကြာခင်မှာ Flagship စမတ်ဖုန်းတစ်ခုဖြစ်လာမယ့် Nubia Z20 စမတ်ဖုန်းကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အစောပိုင်းတုန်းက ဒီ Nubia Z20 ဖုန်းမှာ 20x Hybrid Zoom Camera Setup ပါလာမှာကလွဲပြီးတော့ တခြားသော Specs တွေကို မသိရှိရသေးပေမယ့် အခုအချိန်မှာတော့ တခြားသော Specs တွေအကုန်လုံးက ထွက်ပေါ်လာပြီဖြစ်ပါတယ်။

အခု Nubia Z20 ရဲ့ Specs တွေက TENAA Website ကနေ တစ်ဆင့်သိရှိခဲ့ရတာဖြစ်ပြီးတော့ တော်တော်လေးကို စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ Processor အနေနဲ့တော့ Snapdragon 855+ Processor ကို သုံးလာမှာဖြစ်သလို RAM အနေနဲ့လည်း 6GB ၊ 8GB နဲ့ 12GB အထိပါဝင်မှာဖြစ်ပါတယ်။ ရွေးချယ်တဲ့ RAM ပေါ်မှုတည်ပြီး Storage ကလည်း 128GB ၊ 256GB နဲ့ 512GB တွေပါဝင်လာမယ်လို့ သိရပါတယ်။

Nubia Z20 စမတ်ဖုန်းမှာ စိတ်ဝင်စားဖို့အကောင်းဆုံးအချက်က Dual OLED Display ပါဝင်လာမှာပဲဖြစ်ပါတယ်။ အဆိုပါ OLED Display ၂ ခုစလုံးက Resolution အနေနဲ့ Full HD+ (2340×1080 Pixels) ရှိနေမှာပါ။ Primary Front Display ကတော့ 6.42″ Screen Size ရှိမှာဖြစ်ပြီး နောက်ကျောဘက်က Display ကတော့ 5.1″ Screen Size ရှိမယ်လို့ သိရပါတယ်။

ဒါတင်မဟုတ်သေးဘဲ Nubia Z20 ရဲ့ ဓါတ်ပုံပါ Leak ထွက်လာပြီးတော့ Notch မပါတဲ့ Curved Display ဖြစ်တယ်ဆိုတာကိုပါ သေချာသွားစေခဲ့ပါတယ်။ Camera ပိုင်းအနေနဲ့ကတော့ Triple Camera Setup ကို သုံးလာမှာဖြစ်ပြီး 48MP Primary Sensor နဲ့ Selfie Camera ကိုတော့ Pop-up အနေနဲ့ 16MP Sensor တပ်ဆင်ထားတယ်လို့သိရပါတယ်။

Battery အနေနဲ့ကတော့ 3900mAh Battery ပါဝင်မှာဖြစ်ပြီး Android 9 Pie ကို အသုံးပြုထားမှာပါ။ ဒီ ZTE Nubia Z20 ဖုန်းကို လာမယ့် သြဂုတ်လ ၈ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားမှာဖြစ်ပါတယ်။

Ref – GSM Arena