[Zawgyi]

ZTE ဟာ Nubia Red Magic 3 ကို ေမလတုန္းက မိတ္ဆက္ခဲ့ပါတယ္။ စက္တင္ဘာ လဆန္းမွာေတာ့ Red Magic 3S ကို ပြဲထုတ္ခဲ့ပါတယ္။ Red Magic 3 ထက္ ပိုေကာင္းတဲ့ Specs ေတြနဲ႔ Red Magic 3S ဟာ စက္တင္ဘာလ ၉ ရက္ေန႔တုန္းက ေဈးကြက္ထဲကို ေရာက္တယ္ဆိုေပမယ့္ တ႐ုတ္ႏိုင္ငံသီးသန႔္ ျဖစ္ခဲ့ပါတယ္။

လာမယ့္ ေအာက္တိုဘာလ ၁၆ ရက္ေန႔မွာေတာ့ Nubia Red Magic 3S ကို ႏိုင္ငံတကာ ေဈးကြက္မွာ ျဖန႔္ခ်ိေရာင္းခ်ေတာ့မယ္လို႔ သိရပါတယ္။ အေမရိကန္၊ ကေနဒါ၊ ဥေရာပ၊ ၾသစေတးလ်၊ ေဟာင္ေကာင္၊ အစၥေရး၊ ဂ်ပန္၊ စင္ကာပူ၊ အင္ဒိုနီးရွား၊ ထိုင္ဝမ္နဲ႔ မကာအိုတို႔ဟာ တရားဝင္ Red Magic ဝက္ဘ္ဆိုက္ကေနတစ္ဆင့္ ဝယ္ယူႏိုင္မယ္လို႔ သိရပါတယ္။

ZTE Nubia Red Magic 3S ဟာ ဒီဇိုင္းပိုင္း အနည္းငယ္ေျပာင္းလဲသြားသလို အတြင္းအစိတ္အပိုင္းမွာလည္း အေတာ္ေလး တိုးတက္ေကာင္းမြန္လာတာကို ေတြ႕ရပါတယ္။ Snapdragon 855+ နဲ႔ ျဖစ္ၿပီး Liquid cooling နဲ႔ Fan Solution သစ္ေတြက Nubia Red Magic 3S ကို မူလထြက္ထားတဲ့ Nubia Red Magic 3 ထက္ ေခါင္းတစ္လုံးပိုျမင့္သြားေစတာ ျဖစ္ပါတယ္။

6.66-inch FHD+ AMOLED 90Hz refresh rate နဲ႔ 19.5:9 အခ်ိဳးမ်က္ႏွာျပင္နဲ႔ အေရွ႕ဘက္ျခမ္းမွာ စပီကာႏွစ္လုံးနဲ႔ 16MP Selfie ကင္မရာ တစ္လုံးလည္း ရွိေနပါေသးတယ္။ ေက်ာဘက္မွာေတာ့ 48MP f/1.7 Sony IMX586 sensor ကင္မရာတစ္လုံး၊ LED ဖလက္ရွ္နဲ႔ Fingerprint reader တို႔ ရွိေနပါတယ္။ 8/128GB of RAM နဲ႔ 256GB UFS 3.0 storage ျဖစ္ၿပီး 5,000 mAh ဘက္ထရီနဲ႔ Nubia Red Magic 3S ဟာ (တ႐ုတ္ေငြ ၃၀၀၀ ယြမ္)  ျမန္မာေငြ ၆ သိန္းခြဲဝန္းက်င္ေလာက္ကေန စတင္မွာ ျဖစ္ပါတယ္။

Ref: GSM Arena

[Unicode]

ZTE Nubia Red Magic 3S ကို အောက်တိုဘာ ၁၆ ရက်နေ့မှာ နိုင်ငံတကာဈေးကွက်ထဲ ဖြန့်ချိမယ်လို့ သိရ

ZTE ဟာ Nubia Red Magic 3 ကို မေလတုန်းက မိတ်ဆက်ခဲ့ပါတယ်။ စက်တင်ဘာ လဆန်းမှာတော့ Red Magic 3S ကို ပွဲထုတ်ခဲ့ပါတယ်။ Red Magic 3 ထက် ပိုကောင်းတဲ့ Specs တွေနဲ့ Red Magic 3S ဟာ စက်တင်ဘာလ ၉ ရက်နေ့တုန်းက ဈေးကွက်ထဲကို ရောက်တယ်ဆိုပေမယ့် တရုတ်နိုင်ငံသီးသန့် ဖြစ်ခဲ့ပါတယ်။

လာမယ့် အောက်တိုဘာလ ၁၆ ရက်နေ့မှာတော့ Nubia Red Magic 3S ကို နိုင်ငံတကာ ဈေးကွက်မှာ ဖြန့်ချိရောင်းချတော့မယ်လို့ သိရပါတယ်။ အမေရိကန်၊ ကနေဒါ၊ ဥရောပ၊ သြစတေးလျ၊ ဟောင်ကောင်၊ အစ္စရေး၊ ဂျပန်၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ထိုင်ဝမ်နဲ့ မကာအိုတို့ဟာ တရားဝင် Red Magic ဝက်ဘ်ဆိုက်ကနေတစ်ဆင့် ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။

ZTE Nubia Red Magic 3S ဟာ ဒီဇိုင်းပိုင်း အနည်းငယ်ပြောင်းလဲသွားသလို အတွင်းအစိတ်အပိုင်းမှာလည်း အတော်လေး တိုးတက်ကောင်းမွန်လာတာကို တွေ့ရပါတယ်။ Snapdragon 855+ နဲ့ ဖြစ်ပြီး Liquid cooling နဲ့ Fan Solution သစ်တွေက Nubia Red Magic 3S ကို မူလထွက်ထားတဲ့ Nubia Red Magic 3 ထက် ခေါင်းတစ်လုံးပိုမြင့်သွားစေတာ ဖြစ်ပါတယ်။

6.66-inch FHD+ AMOLED 90Hz refresh rate နဲ့ 19.5:9 အချိုးမျက်နှာပြင်နဲ့ အရှေ့ဘက်ခြမ်းမှာ စပီကာနှစ်လုံးနဲ့ 16MP Selfie ကင်မရာ တစ်လုံးလည်း ရှိနေပါသေးတယ်။ ကျောဘက်မှာတော့ 48MP f/1.7 Sony IMX586 sensor ကင်မရာတစ်လုံး၊ LED ဖလက်ရှ်နဲ့ Fingerprint reader တို့ ရှိနေပါတယ်။ 8/128GB of RAM နဲ့ 256GB UFS 3.0 storage ဖြစ်ပြီး 5,000 mAh ဘက်ထရီနဲ့ Nubia Red Magic 3S ဟာ (တရုတ်ငွေ ၃၀၀၀ ယွမ်) မြန်မာငွေ ၆ သိန်းခွဲဝန်းကျင်လောက်ကနေ စတင်မှာ ဖြစ်ပါတယ်။

Ref: GSM Arena