[Zawgyi]

ZTE ဟာ ၂၀၁၈ ရဲ႕ ပထမႏွစ္ဝက္ေလာက္မွာ Nubia X Dual Screen နဲ႔အတူ စမတ္ဖုန္းေတြရဲ႕ ေဈးကြက္ၿပိဳင္ဆိုင္မႈ စည္းဝိုင္းထဲကို ျပန္ဝင္လာႏိုင္ခဲ့ပါတယ္။ အဲဒီတုန္းကေတာ့ 64GB နဲ႔ 256GB တို႔ကိုပဲ မိတ္ဆက္ခဲ့တာပါ။ ၿပီးခဲ့တဲ့ရက္တုန္းကေတာ့ တ႐ုတ္ဘက္က ထြက္ေပၚလာတဲ့ သတင္းအရ 512 GB နဲ႔ Nubia X Starry Night ကို Pre-Order မွာလို႔ရၿပီလို႔ သိရပါတယ္။

Nubia X Starry Night ဟာ မ်ားျပားတဲ့ Storage ပမာဏနဲ႔မို႔ ဖုန္းတစ္လုံးတည္းနဲ႔တင္ ေဒတာေတြ အမ်ားအျပား သိမ္းဆည္းထားဖို႔ လြယ္ကူသြားပါလိမ့္မယ္။ Starry Night ဟာ သိုေလွာင္မႈပမာဏကလြဲရင္ ဘာမွ ေျပာင္းလဲသြားျခင္းမရွိဘဲ Nubia X နဲ႔ အတူတူပဲ ျဖစ္ပါတယ္။

Nubia X Starry Night မွာလည္း အဓိက မ်က္ႏွာျပင္ဟာ 6.26-inch LCD မ်က္ႏွာျပင္ျဖစ္ၿပီး Full HD+ ျဖစ္ပါတယ္။ ေက်ာဘက္က ဒုတိယမ်က္ႏွာျပင္ကလည္း 5.1-inch ျဖစ္ၿပီး HD+ Resolution နဲ႔ပဲ ျဖစ္ပါတယ္။ မ်က္ႏွာျပင္ ႏွစ္ခုလုံးကေတာ့ 19:9 အခ်ိဳးေတြပဲ ျဖစ္ပါတယ္။ ေက်ာဘက္မွာေတာ့ ကင္မရာ ႏွစ္လုံးပဲ တပ္ဆင္ထားတာျဖစ္ၿပီး LED Flash နဲ႔ 16MP + 24MP တို႔ပဲ ျဖစ္ပါတယ္။

Fingerprint Scanner ကေတာ့ ႏွစ္ခုပါရွိပါတယ္။ ဒါေပမယ့္ သူတို႔က Under Display ေတာ့ မဟုတ္ၾကပါဘူး။ ဖုန္းရဲ႕ ေဘးတစ္ဘက္ တစ္ခ်က္စီမွာပါ။ တစ္ခုကေတာ့ ညာဘက္က ပါဝါခလုတ္ရဲ႕ ေအာက္မွာ ျဖစ္ပါတယ္။ ေနာက္တစ္ခုကေတာ့ တစ္ဘက္ျခမ္းမွာရွိတဲ့ အသံအတိုးအခ်ဲ႕ခလုတ္ရဲ႕ ေဘးမွာ ျဖစ္ပါတယ္။

256GB အတြက္ ေဒၚလာ ၆၀၀ ေလာက္နဲ႔ (ျမန္မာေငြ ကိုးသိန္းသုံးေသာင္းခြဲ ဝန္းက်င္) ေရာင္းခ်ခဲ့ေပမယ့္၊ အခု အသစ္ထြက္လာတဲ့ 8/512GB ကေတာ့ ေဒၚလာ ၇၇၀ ေလာက္ (ျမန္မာေငြ ၁၂သိန္း နီးပါးေလာက္) ျဖစ္ပါတယ္။ အမွန္တကယ္ ေရာင္းခ်မွာက ဒီဇင္ဘာ ၂၄ ရက္ေန႔မွဆိုေပမယ့္ Pre-Order ေတြကေတာ့ စတင္ေနၿပီျဖစ္ပါတယ္။

Ref: GSMarena

[Unicode]

ZTE ဟာ ၂၀၁၈ ရဲ့ ပထမနှစ်ဝက်လောက်မှာ Nubia X Dual Screen နဲ့အတူ စမတ်ဖုန်းတွေရဲ့ ဈေးကွက်ပြိုင်ဆိုင်မှု စည်းဝိုင်းထဲကို ပြန်ဝင်လာနိုင်ခဲ့ပါတယ်။ အဲဒီတုန်းကတော့ 64GB နဲ့ 256GB တို့ကိုပဲ မိတ်ဆက်ခဲ့တာပါ။ ပြီးခဲ့တဲ့ရက်တုန်းကတော့ တရုတ်ဘက်က ထွက်ပေါ်လာတဲ့ သတင်းအရ 512 GB နဲ့ Nubia X Starry Night ကို Pre-Order မှာလို့ရပြီလို့ သိရပါတယ်။

Nubia X Starry Night ဟာ များပြားတဲ့ Storage ပမာဏနဲ့မို့ ဖုန်းတစ်လုံးတည်းနဲ့တင် ဒေတာတွေ အများအပြား သိမ်းဆည်းထားဖို့ လွယ်ကူသွားပါလိမ့်မယ်။ Starry Night ဟာ သိုလှောင်မှုပမာဏကလွဲရင် ဘာမှ ပြောင်းလဲသွားခြင်းမရှိဘဲ Nubia X နဲ့ အတူတူပဲ ဖြစ်ပါတယ်။

Nubia X Starry Night မှာလည်း အဓိက မျက်နှာပြင်ဟာ 6.26-inch LCD မျက်နှာပြင်ဖြစ်ပြီး Full HD+ ဖြစ်ပါတယ်။ ကျောဘက်က ဒုတိယမျက်နှာပြင်ကလည်း 5.1-inch ဖြစ်ပြီး HD+ resolution နဲ့ပဲ ဖြစ်ပါတယ်။ မျက်နှာပြင် နှစ်ခုလုံးကတော့ 19:9 အချိုးတွေပဲ ဖြစ်ပါတယ်။ ကျောဘက်မှာတော့ ကင်မရာ နှစ်လုံးပဲ တပ်ဆင်ထားတာဖြစ်ပြီး LED flash နဲ့ 16MP + 24MP တို့ပဲ ဖြစ်ပါတယ်။

Fingerprint Scanner ကတော့ နှစ်ခုပါရှိပါတယ်။ ဒါပေမယ့် သူတို့က Under display တော့ မဟုတ်ကြပါဘူး။ ဖုန်းရဲ့ ဘေးတစ်ဘက် တစ်ချက်စီမှာပါ။ တစ်ခုကတော့ ညာဘက်က ပါဝါခလုတ်ရဲ့ အောက်မှာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ တစ်ဘက်ခြမ်းမှာရှိတဲ့ အသံအတိုးအချဲ့ခလုတ်ရဲ့ ဘေးမှာ ဖြစ်ပါတယ်။

256GB အတွက် ဒေါ်လာ ၆၀၀ လောက်နဲ့ (မြန်မာငွေ ကိုးသိန်းသုံးသောင်းခွဲ ဝန်းကျင်) ရောင်းချခဲ့ပေမယ့်၊ အခု အသစ်ထွက်လာတဲ့ 8/512GB ကတော့ ဒေါ်လာ ၇၇၀ လောက် (မြန်မာငွေ ၁၂သိန်း နီးပါးလောက်) ဖြစ်ပါတယ်။ အမှန်တကယ် ရောင်းချမှာက ဒီဇင်ဘာ ၂၄ ရက်နေ့မှဆိုပေမယ့် Pre-Order တွေကတော့ စတင်နေပြီဖြစ်ပါတယ်။

Ref: GSMarena