ZTE ကတော့ ပြိုင်ဖက်တွေဖြစ်တဲ့ Lenovo ၊ Moto နဲ့ Huawei တို့ကို အသည်းအသန်ယှဉ်ပြိုင်နေရပါတယ်။ သူတို့ရဲ့ Nubia ဖုန်းတွေကို ပိုကောင်းအောင်လုပ်ရင်း ဈေးကွက်ထဲကို နေရာဝင်ယူနေပါတယ်။ Screen ဘေးဘောင်တွေကိုပျောက်လုနီးနီးအထိပါးအောင်လုပ်တာကို Nubia Z9 မှာစခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Nubia Z17 အထိ Design ကိုသယ်လာခဲ့ပြီး အခုတော့ နောက်တစ်ဆင့်တက်ဖို့ ZTE ပြင်ဆင်နေပါပြီ။

ZTE Nubia Z18 လို့နာမည်ပေးထားတဲ့ Flagship ဖုန်းတစ်လုံးရဲ့ ဓာတ်ပုံက Online မှာတက်လာခဲ့ပါတယ်။ Screen ရဲ့ဘေးအနားတွေအားလုံးမှာ ဘောင်မရှိသလောက်ပျောက်သွားပြီဖြစ်တာကိုတွေ့ရပါတယ်။ ဘေးဖက်ဘောင်တွေကိုတော့ ပျောက်သွားတဲ့အတိုင်းအတာရောက်အောင် Screen ကို နည်းနည်းကွေးထားပါတယ်။ အပေါ်ဖက်ခြမ်းမှာတော့ Screen က အပေါ်ဘောင်နားထိ ထိနေပေမယ့် Notch ပါလား မပါလားဆိုတာကတော့ သေချာမမြင်ရပါဘူး။

Screen ရဲ့ အောက်ဖက်ကိုကြည့်မယ်ဆိုရင်လည်း Nubia ရဲ့ Home Button အနီရောင်လေးကို Screen ပေါ်မှာပဲ တွေ့ရတာကြောင့် အောက်ဖက်က ဘောင်က Home Button အတွက်နေရာမပေးနိုင်လောက်အောင်သေးနေလို့ဆိုတာ သေချာပါတယ်။ Full Screen ဖြစ်သွားပေမယ့် Screen ဘေးနားတွေကို ကွေးထားတာကတော့ သိပ်သဘောကျစရာမကောင်းပါဘူး။

Spec တွေကိုတော့ အသေးစိတ်သတင်းပေါက်တာမျိုးမရှိသေးတဲ့အတွက် ဘာမှကောင်းကောင်းမသိရသေးပါဘူး။ အရင်ကထွက်ထားတဲ့ Nubia Z17 မှာတော့ Qualcomm Snapdragon 835 ကိုအသုံးပြုထားတာကြောင့် အခု Z18 မှာ Snapdragon 845 Chipset ကိုအသုံးပြုလာမယ်ဆိုတာတစ်ခုတော့ သေခြာပါတယ်။ RAM ကတော့ 8 GB ဖြစ်နိုင်မယ်လို့ ခန့်မှန်းရပါတယ်။ Android 8 Oreo နဲ့အတူ Nubia UI နဲ့တွေ့ရမှာဖြစ်ပြီး Global အလုံးတွေကိုတော့ Pure Android နဲ့တွေ့ရမယ်လို့ သတင်းထွက်ထားပါတယ်။