Zawgyi

ၿပီးခဲ့တဲ့လတုန္းက ZTE ကုမၸဏီဟာ မ်က္ႏွာျပင္ေပၚမွာ Punch-hole ကင္မရာႏွစ္ခု ပါဝင္တဲ့ ဒီဇုိင္းနဲ႔ စမတ္ဖုန္းအတြက္ မူပုိင္ခြင့္ေလွ်ာက္ထားခဲ့ပါတယ္။ အခုတစ္ခါမွာလည္း ကုမၸဏီဟာ Slider ဒီဇုိင္းထဲမွာ Selfie ကင္မရာႏွစ္လုံးပါဝင္တဲ့ စမတ္ဖုန္းကို ထပ္မံၿပီး မူပိုင္ခြင့္ ေလွ်ာက္ထားလိုက္ျပန္ပါတယ္။

ဟန္းဆက္ရဲ႕ေရွ႕ဘက္ မွန္သားျပင္မွာ Selfie ကင္မရာတစ္ခုမွ မပါဝင္ပါဘူး။ Slider ေလွ်ာကို ဖြင့္လိုက္တဲ့အခါမွသာ Selfie ကင္မရာႏွစ္ခုကို ျမင္ရမွာျဖစ္ပါတယ္။ ေနာက္ဘက္မွာေတာ့ ဖုန္းရဲ႕ အေပၚဘယ္ဘက္ေထာင့္မွာ Dual-camera တစ္ခုကို ေဒါင္လုိက္တပ္ဆင္ထားၿပီး ေအာက္မွာ Flash ကို ျမင္ေတြ႕ရတယ္။ အလယ္ေလာက္မွာေတာ့ ဘဲဥပုံသ႑ာန္ Fingerprint တစ္ခုကို ျမင္ရမွာပါ။

စမတ္ဖုန္းရဲ႕ညာဘက္မွာ Volume အသံတုိးခ်ဲ႕ခလုတ္တစ္ခုနဲ႔ ပါဝါခလုပ္ေတြကို ျမင္ရၿပီး ဘယ္ဘက္မွာေတာ့ SIM Card Slot ကိုေတြ႕ရမွာပါ။ အေပၚမွာ Headphone Jack ေပါက္တစ္ခု ပါၿပီး ေအာက္ဘက္မွာ မုိက္ကရုိဖုန္းအေပါက္နဲ႔အတူ USB-C Port ကိုပါ ျမင္ေတြ႕ရမွာျဖစ္ပါတယ္။

စမတ္ဖုန္းကုမၸဏီေတြဟာ ဒီဇုိင္းပုိင္းမွာ သစ္ဆန္းမႈကို လက္ဦးမႈရယူတဲ့အေနနဲ႔ အခုလို ဆန္းျပားတဲ့ မူပုိင္ခြင့္ေတြကို တင္ေလ့ရွိၿပီး ဒီဖုန္းကို ZTE က တကယ္ပဲေစ်းကြက္ထဲ အေရာက္ပုိ႔ႏုိင္တဲ့ထိ ထုတ္လုပ္မွာလား ဆုိတာကို ေစာင့္ၾကည့္ရမွာပါ။

Ref – GSM Arena

Unicode

ပြီးခဲ့တဲ့လတုန်းက ZTE ကုမ္ပဏီဟာ မျက်နှာပြင်ပေါ်မှာ Punch-hole ကင်မရာနှစ်ခု ပါဝင်တဲ့ ဒီဇိုင်းနဲ့ စမတ်ဖုန်းအတွက် မူပိုင်ခွင့်လျှောက်ထားခဲ့ပါတယ်။ အခုတစ်ခါမှာလည်း တရုတ်အခြေစိုက်စမတ်ဖုန်းထုတ်လုပ်သူ ကုမ္ပဏီဟာ Slider ဒီဇိုင်းထဲမှာ Selfie ကင်မရာနှစ်လုံးပါဝင်တဲ့ စမတ်ဖုန်းကို ထပ်မံပြီး မူပိုင်ခွင့် လျှောက်ထားလိုက်ပြန်ပါတယ်။

ဟန်းဆက်ရဲ့ရှေ့ဘက် မှန်သားပြင်မှာ Selfie ကင်မရာတစ်ခုမှ မပါဝင်ပါဘူး။ Slider လျှောကို ဖွင့်လိုက်တဲ့အခါမှသာ Selfie ကင်မရာနှစ်ခုကို မြင်ရမှာဖြစ်ပါတယ်။ နောက်ဘက်မှာတော့ ဖုန်းရဲ့ အပေါ်ဘယ်ဘက်ထောင့်မှာ Dual-camera တစ်ခုကို ဒေါင်လိုက်တပ်ဆင်ထားပြီး အောက်မှာ Flash ကို မြင်တွေ့ရတယ်။ အလယ်လောက်မှာတော့ ဘဲဥပုံသဏ္ဍာန် Fingerprint တစ်ခုကို မြင်ရမှာပါ။

စမတ်ဖုန်းရဲ့ညာဘက်မှာ Volume အသံတိုးချဲ့ခလုတ်တစ်ခုနဲ့ ပါဝါခလုပ်တွေကို မြင်ရပြီး ဘယ်ဘက်မှာတော့ SIM Card Slot ကိုတွေ့ရမှာပါ။ အပေါ်မှာ Headphone Jack ပေါက်တစ်ခု ပါပြီး အောက်ဘက်မှာ မိုက်ကရိုဖုန်းအပေါက်နဲ့အတူ USB-C Port ကိုပါ မြင်တွေ့ရမှာဖြစ်ပါတယ်။

စမတ်ဖုန်းကုမ္ပဏီတွေဟာ ဒီဇိုင်းပိုင်းမှာ သစ်ဆန်းမှုကို လက်ဦးမှုရယူတဲ့အနေနဲ့ အခုလို ဆန်းပြားတဲ့ မူပိုင်ခွင့်တွေကို တင်လေ့ရှိပြီး ဒီဖုန်းကို ZTE က တကယ်ပဲဈေးကွက်ထဲ အရောက်ပို့နိုင်တဲ့ထိ ထုတ်လုပ်မှာလား ဆိုတာကို စောင့်ကြည့်ရမှာပါ။

Ref – GSM Arena