Zawgyi

ၿပီးခဲ့တဲ့ႏွစ္က Display မ်က္ႏွာျပင္ထဲမွာ Punch-hole နဲ႔ကင္မရာကိုထည့္တဲ့ နည္းပညာ စတင္ေပၚေပါက္လာခဲ့ပါတယ္။ ေတာ္ေတာ္မ်ားမ်ားက ၂၀၁၉ ထဲမွာ ဒီနည္းပညာကို လူႀကိဳက္မ်ားလာမယ္လို႔ ထင္ခဲ့ေပမယ့္ တကယ္တမ္းမွာေတာ့ စမတ္ဖုန္းထုတ္လုပ္သူေတြဟာ Notch ေတြနဲ႔ Pop-up Selfie ကင္မရာေတြကိုသာ ပိုၿပီး အားကိုးလာခဲ့ၾကပါတယ္။

ZTE ဟာ ပုံမွန္ Display မွာ Punch-hole ထည့္သြင္းတာကို ရုပ္ဆုိးတယ္လို႔ ထင္ၾကသူေတြအတြက္ ထူးျခားတဲ့ ေျဖရွင္းမႈတစ္ခုအျဖစ္ နည္းပညာတစ္မ်ဳိးကို မွတ္ပုံတင္လာခဲ့ပါတယ္။ သူတုိ႔ဟာ ႏုိင္ငံတကာဥာဏပစၥည္းမူပုိင္ခြင့္ရုံး WIPO ကုိ အခုႏွစ္ ဧၿပီလထဲက တင္ထားတာျဖစ္ၿပီး ရက္အနည္းငယ္ကမွ ထြက္ေပၚလာခဲ့တာပါ။ အဆုိပါမူပိုင္ခြင့္နည္းပညာက Display Panel ထဲမွာ အလြန္ေသးငယ္တဲ့ Punch-hole ကင္မရာကို မသိသာေအာင္ထည့္သြင္းဖို႔ ျဖစ္ပါတယ္။

ပုံမွန္အားျဖင့္ အလည္တည့္တည့္ သုိ႔မဟုတ္ ေထာင့္ေတြမွာ ထည့္သြင္းေလ့ရွိတဲ့အစား ZTE ရဲ႕ ဒီဇုိင္းထဲမွာ Punch-hole ကင္မရာေလးကို ဖုန္းမ်က္ႏွာျပင္အေပၚေထာင့္က Network နဲ႔ Battery Icon ေလးေတြၾကားမွာ အျဖဴေရာင္ အဝုိင္းစက္ကေလးတစ္ခုအျဖစ္သာ ေတြ႕ရပါတယ္။ ကင္မရာအေပါက္လို႔ မထင္ရဘဲ ဖုန္းရဲ႕ေထာင့္ဘက္မွာ ေဖာ္ျပေနၾက Icon ေတြထဲက တစ္ခုလို႔ပဲ ထင္ရေအာင္ ေသသပ္စြာျပဳလုပ္ထားတာကို ေတြ႕ရပါတယ္။ သူ႕ရဲ႕ေဘးမွာ အျခား Icon ေတြကို ေဖာ္ျပထားတာေၾကာင့္လည္း ပိုၿပီး မသိသာေစတာျဖစ္ပါတယ္။

အဆုိပါဒီဇုိင္းထဲမွာ Punch-hole ဒီဇုိင္းအသစ္သာမကဘဲ Sound-on-Display နည္းပညာပါ ထည့္သြင္းထားပါတယ္။ ပုံမွန္ Earpiece အစား Display ကေန အသံထုတ္လႊင့္ေပးမယ့္နည္းပညာကို LG G8 ThinQ နဲ႔ Galaxy A80 တုိ႔လို ဖုန္းေတြမွာ ျမင္ေတြ႕ရၿပီးသားပါ။

အခုႏွစ္အတြက္ ZTE ရဲ႕ Flagship ဖုန္းက Axon 10 Pro ျဖစ္ၿပီး ၿပိဳင္ဘက္ေတြထက္ ခ်ဳိသာတဲ့ေစ်းႏႈန္းနဲ႔ ထြက္လာခဲ့တာေၾကာင့္ ထြက္ရွိတဲ့အခ်ိန္မွာ “Flagship Killer” လို႔ ေခၚေဝၚခဲ့ၾကတယ္။ သူ႕ရဲ႕မ်ဳိးဆက္သစ္မွာလည္း အခုလိုမ်ဳိး ထူးျခားတဲ့ နည္းပညာနဲ႔ ခ်ဳိသာတဲ့ ေစ်းႏႈန္းကို ဆက္ၿပီးထိန္းထားႏုိင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။

Ref – Gizmo China

Unicode

ပြီးခဲ့တဲ့နှစ်က Display မျက်နှာပြင်ထဲမှာ Punch-hole နဲ့ကင်မရာကိုထည့်တဲ့ နည်းပညာ စတင်ပေါ်ပေါက်လာခဲ့ပါတယ်။ တော်တော်များများက ၂၀၁၉ ထဲမှာ ဒီနည်းပညာကို လူကြိုက်များလာမယ်လို့ ထင်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ စမတ်ဖုန်းထုတ်လုပ်သူတွေဟာ Notch တွေနဲ့ Pop-up Selfie ကင်မရာတွေကိုသာ ပိုပြီး အားကိုးလာခဲ့ကြပါတယ်။

ZTE ဟာ ပုံမှန် Display မှာ Punch-hole ထည့်သွင်းတာကို ရုပ်ဆိုးတယ်လို့ ထင်ကြသူတွေအတွက် ထူးခြားတဲ့ ဖြေရှင်းမှုတစ်ခုအဖြစ် နည်းပညာတစ်မျိုးကို မှတ်ပုံတင်လာခဲ့ပါတယ်။ သူတို့ဟာ နိုင်ငံတကာဉာဏပစ္စည်းမူပိုင်ခွင့်ရုံး WIPO ကို အခုနှစ် ဧပြီလထဲက တင်ထားတာဖြစ်ပြီး ရက်အနည်းငယ်ကမှ ထွက်ပေါ်လာခဲ့တာပါ။ အဆိုပါမူပိုင်ခွင့်နည်းပညာက Display Panel ထဲမှာ အလွန်သေးငယ်တဲ့ Punch-hole ကင်မရာကို မသိသာအောင်ထည့်သွင်းဖို့ ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် အလည်တည့်တည့် သို့မဟုတ် ထောင့်တွေမှာ ထည့်သွင်းလေ့ရှိတဲ့အစား ZTE ရဲ့ ဒီဇိုင်းထဲမှာ Punch-hole ကင်မရာလေးကို ဖုန်းမျက်နှာပြင်အပေါ်ထောင့်က Network နဲ့ Battery Icon လေးတွေကြားမှာ အဖြူရောင် အဝိုင်းစက်ကလေးတစ်ခုအဖြစ်သာ တွေ့ရပါတယ်။ ကင်မရာအပေါက်လို့ မထင်ရဘဲ ဖုန်းရဲ့ထောင့်ဘက်မှာ ဖော်ပြနေကြ Icon တွေထဲက တစ်ခုလို့ပဲ ထင်ရအောင် သေသပ်စွာပြုလုပ်ထားတာကို တွေ့ရပါတယ်။ သူ့ရဲ့ဘေးမှာ အခြား Icon တွေကို ဖော်ပြထားတာကြောင့်လည်း ပိုပြီး မသိသာစေတာဖြစ်ပါတယ်။

အဆိုပါဒီဇိုင်းထဲမှာ Punch-hole ဒီဇိုင်းအသစ်သာမကဘဲ Sound-on-Display နည်းပညာပါ ထည့်သွင်းထားပါတယ်။ ပုံမှန် Earpiece အစား Display ကနေ အသံထုတ်လွှင့်ပေးမယ့်နည်းပညာကို LG G8 ThinQ နဲ့ Galaxy A80 တို့လို ဖုန်းတွေမှာ မြင်တွေ့ရပြီးသားပါ။

အခုနှစ်အတွက် ZTE ရဲ့ Flagship ဖုန်းက Axon 10 Pro ဖြစ်ပြီး ပြိုင်ဘက်တွေထက် ချိုသာတဲ့ဈေးနှုန်းနဲ့ ထွက်လာခဲ့တာကြောင့် ထွက်ရှိတဲ့အချိန်မှာ “Flagship Killer” လို့ ခေါ်ဝေါ်ခဲ့ကြတယ်။ သူ့ရဲ့မျိုးဆက်သစ်မှာလည်း အခုလိုမျိုး ထူးခြားတဲ့ နည်းပညာနဲ့ ချိုသာတဲ့ ဈေးနှုန်းကို ဆက်ပြီးထိန်းထားနိုင်မယ်လို့ မျှော်လင့်ပါတယ်။

Ref – Gizmo China