Selfie Camera ကို Display အောက်မှာ မြုပ်ထားတဲ့ Under-Screen Camera နည်းပညာကို စမတ်ဖုန်းကုမ္ပဏီအတော်များများက ပြသခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဆိုပါ Under-Screen Camera ပါဝင်တဲ့ စမတ်ဖုန်းကိုတော့ ဘယ်ကုမ္ပဏီကမှ မိတ်ဆက်ထားခြင်းမရှိသေးပါဘူး။

အခုအချိန်မှာတော့ ZTE ကနေ ကမ္ဘာ့ပထမဆုံးသော Under-Screen Camera နည်းပညာကို အသုံးပြုထားမယ့် စမတ်ဖုန်းကို မိတ်ဆက်သွားမယ်ဆိုပြီး ကြေညာလိုက်ပြီဖြစ်ပါတယ်။ အဆိုပါ သတင်းကိုတော့ ZTE ရဲ့ President အဖြစ်တာဝန်ယူထားတဲ့ Ni Fei ကနေ Weibo စာမျက်နှာမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဆိုပါ Under-Screen Camera ပါဝင်လာမယ့် ZTE ဖုန်းရဲ့ ဓါတ်ပုံနဲ့ တခြားသော အချက်အလက်တွေကိုတော့ ဖော်ပြခဲ့ခြင်းမရှိပါဘူး။ Weibo မှာတော့ အဆိုပါ Post ကို ZTE A20 5G ဖုန်းကို အသုံးပြုပြီး တင်ထားတာဖြစ်တယ်လို့ပဲ သိရှိရပါတယ်။

အဲ့ဒီအတွက် ZTE A20 5G စမတ်ဖုန်းဟာ ပထမဆုံးအနေနဲ့ Under-Screen Camera ပါဝင်လာမယ်လို့ ယူဆရပြီး Visionox Display ကို အသုံးပြုထားဖို့ များနေပါတယ်။ Visionox Display ဟာ အစောပိုင်းကတော့ Under-Screen Camera Setup ကို အသုံးပြုနိုင်တဲ့ Display တွေကို အမြောက်အများထုတ်လုပ်နေပြီဆိုပြီး သတင်းထွက်ရှိခဲ့ပါသေးတယ်။

Visionox ready for mass production of screens with under-display camera solution

ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး Under-Screen Camera Setup ဟာ ပုံမှန် Selfie Camera တွေနဲ့ယှဥ်မယ်ဆိုရင် Image Quality ပိုင်းမှာ ဘယ်လိုမျိုးရှိမလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ လာမယ့်ရက်ပိုင်းအတွင်းမှာ ZTE A20 5G စမတ်ဖုန်း မိတ်ဆက်မယ့်အချိန်နဲ့ တခြားသောအချက်အလက်တွေကို သိရှိရမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena