[Zawgyi]

ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္တုန္းက အေမရိကန္အစိုးရရဲ႕ ပိတ္ပင္တားဆီးမႈထဲမွာ Huawei နဲ႔အတူ ZTE ကုမၸဏီကလည္း ပါဝင္ခဲ့ပါတယ္။ အမ်ိဳးသားလုံၿခဳံေရးကိစၥသံသယအပါအဝင္ အျခားကိစၥရပ္ေတြေၾကာင့္ ZTE ဟာ ကုန္ပစၥည္းတင္ပို႔မႈနဲ႔ပတ္သက္ၿပီး ယာယီပိတ္ပင္ခံခဲ့ရသလို ဒဏ္ေငြခ်မွတ္ခံခဲ့ရပါတယ္။

၂၀၁၉ ရဲ႕ ပထမသုံးလပတ္ ကုန္ဆုံးခ်ိန္ ထြက္ေပၚလာတဲ့ အစီရင္ခံစာမွာေတာ့ တ႐ုတ္နည္းပညာကုမၸဏီဟာ ၂၀၁၈ တစ္ႏွစ္လုံးအတြက္ တ႐ုတ္ယြမ္ေငြ ၆.၉၈ ဘီလီယံ (ေဒၚလာ ၁.၀၄ ဘီလီယံ) အရႈံးေပၚခဲ့ေၾကာင္း ေဖာ္ျပခဲ့ပါတယ္။ အဓိက အေၾကာင္းအရာအျဖစ္ေဖာ္ျပခဲ့တာကေတာ့ အေမရိကန္အစိုးရကို ေပးရမယ့္ ဘီလီယံနဲ႔ခ်ီတဲ့ ဒဏ္ေၾကးေၾကာင့္ဆိုတာပါပဲ။

အေမရိကန္ရဲ႕ ပိတ္ပင္မႈေနာက္ပိုင္းမွာ ၾသစေတးလ်၊ နယူးဇီလန္ နဲ႔ ဂ်ပန္ စတဲ့ႏိုင္ငံေတြရဲ႕ ပိတ္ပင္ျခင္းေတြ ဆက္လက္ျဖစ္ေပၚခဲ့တာေၾကာင့္ ZTE ကလည္း 5G ကြန္ရက္ တည္ေဆာက္မႈအပိုင္းမွာ အခက္အခဲေတြ႕ၿပီး ထိခိုက္နစ္နာမႈေတြ ျဖစ္ေပၚခဲ့ရျပန္ပါတယ္။ ဒါေပမယ့္လည္း ZTE ဟာ ၂၀၁၈ ခုႏွစ္ရဲ႕ ေနာက္ဆုံး သုံးလပတ္မွာ တ႐ုတ္ယြမ္ေငြ ၂၇၆ သန္း (ေဒၚလာ ၄၁ သန္း) ဝန္းက်င္ အျမတ္ဝင္ေငြကို ရွာေဖြႏိုင္ခဲ့ေသးတယ္လို႔ သိရပါတယ္။

ZTE ဟာ လာမယ့္ 5G ကြန္ရက္ ဖြံ႕ၿဖိဳးတိုးတက္မႈျဖစ္စဥ္မွာ ဆက္လက္ပါဝင္သြားမွာျဖစ္ၿပီး ႏိုင္ငံတကာေဈးကြက္အတြင္းမွာ ထိပ္တန္းစာရင္းဝင္ ကုမၸဏီတစ္ခုအျဖစ္ ျပန္လည္ေနရာရရွိေအာင္ ေဆာင္႐ြက္သြားမယ္လို႔ သိရပါတယ္။ ဒီႏွစ္ေတြထဲမွာလည္း 5G ကြန္ရက္ဆိုင္ရာ နည္းပညာနဲ႔ အသုံးအေဆာင္ပစၥည္းေတြ ထုတ္လုပ္ေရာင္းခ်ျခင္းကေန အသားတင္ အျမတ္ေငြ ယြမ္ ၁.၂ ဘီလီယံ (ေဒၚလာ ၁၇၉ မီလီယံ) ရရွိခဲ့တာေၾကာင့္ ၂၀၁၉ မွာလည္း တုံ႔ျပန္မႈေတြနဲ႔အတူ ေကာင္းမြန္တဲ့လမ္းေၾကာင္းေပၚ ေရာက္ရွိလာဖို႔ ယုံၾကေနေၾကာင္း သိရပါတယ္။

Ref: GSMArena

[Unicode]

၂၀၁၈ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံအထိ အရှုံးပေါ်ခဲ့တဲ့ ZTE

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက အမေရိကန်အစိုးရရဲ့ ပိတ်ပင်တားဆီးမှုထဲမှာ Huawei နဲ့အတူ ZTE ကုမ္ပဏီကလည်း ပါဝင်ခဲ့ပါတယ်။ အမျိုးသားလုံခြုံရေးကိစ္စသံသယအပါအဝင် အခြားကိစ္စရပ်တွေကြောင့် ZTE ဟာ ကုန်ပစ္စည်းတင်ပို့မှုနဲ့ပတ်သက်ပြီး ယာယီပိတ်ပင်ခံခဲ့ရသလို ဒဏ်ငွေချမှတ်ခံခဲ့ရပါတယ်။

၂၀၁၉ ရဲ့ ပထမသုံးလပတ် ကုန်ဆုံးချိန် ထွက်ပေါ်လာတဲ့ အစီရင်ခံစာမှာတော့ တရုတ်နည်းပညာကုမ္ပဏီဟာ ၂၀၁၈ တစ်နှစ်လုံးအတွက် တရုတ်ယွမ်ငွေ ၆.၉၈ ဘီလီယံ (ဒေါ်လာ ၁.၀၄ ဘီလီယံ) အရှုံးပေါ်ခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။ အဓိက အကြောင်းအရာအဖြစ်ဖော်ပြခဲ့တာကတော့ အမေရိကန်အစိုးရကို ပေးရမယ့် ဘီလီယံနဲ့ချီတဲ့ ဒဏ်ကြေးကြောင့်ဆိုတာပါပဲ။

အမေရိကန်ရဲ့ ပိတ်ပင်မှုနောက်ပိုင်းမှာ သြစတေးလျ၊ နယူးဇီလန် နဲ့ ဂျပန် စတဲ့နိုင်ငံတွေရဲ့ ပိတ်ပင်ခြင်းတွေ ဆက်လက်ဖြစ်ပေါ်ခဲ့တာကြောင့် ZTE ကလည်း 5G ကွန်ရက် တည်ဆောက်မှုအပိုင်းမှာ အခက်အခဲတွေ့ပြီး ထိခိုက်နစ်နာမှုတွေ ဖြစ်ပေါ်ခဲ့ရပြန်ပါတယ်။ ဒါပေမယ့်လည်း ZTE ဟာ ၂၀၁၈ ခုနှစ်ရဲ့ နောက်ဆုံး သုံးလပတ်မှာ တရုတ်ယွမ်ငွေ ၂၇၆ သန်း (ဒေါ်လာ ၄၁ သန်း) ဝန်းကျင် အမြတ်ဝင်ငွေကို ရှာဖွေနိုင်ခဲ့သေးတယ်လို့ သိရပါတယ်။

ZTE ဟာ လာမယ့် 5G ကွန်ရက် ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်မှာ ဆက်လက်ပါဝင်သွားမှာဖြစ်ပြီး နိုင်ငံတကာဈေးကွက်အတွင်းမှာ ထိပ်တန်းစာရင်းဝင် ကုမ္ပဏီတစ်ခုအဖြစ် ပြန်လည်နေရာရရှိအောင် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ဒီနှစ်တွေထဲမှာလည်း 5G ကွန်ရက်ဆိုင်ရာ နည်းပညာနဲ့ အသုံးအဆောင်ပစ္စည်းတွေ ထုတ်လုပ်ရောင်းချခြင်းကနေ အသားတင် အမြတ်ငွေ ယွမ် ၁.၂ ဘီလီယံ (ဒေါ်လာ ၁၇၉ မီလီယံ) ရရှိခဲ့တာကြောင့် ၂၀၁၉ မှာလည်း တုံ့ပြန်မှုတွေနဲ့အတူ ကောင်းမွန်တဲ့လမ်းကြောင်းပေါ် ရောက်ရှိလာဖို့ ယုံကြနေကြောင်း သိရပါတယ်။

Ref: GSMArena