Unicode

ZTE ဟာ လာမယ့် ၂၀၂၀ ခုနှစ်အတွင်း 5G အသုံးပြုနိုင်တဲ့ စမတ်ဖုန်း ဆယ်လုံးထိ ထုတ်လုပ်ရောင်းချသွားဖို့ ရည်ရွယ်ထားကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ ကုမ္ပဏီအကြီးအကဲ Xu Feng က သူတို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ 5G လမ်းသစ်ထွင်သူတစ်ဦးအဖြစ် အဓိက Mainstream ဈေးကွက်ကို ဦးဆောင်ဖို့ကို ရှင်းလင်းစွာပြောကြားခဲ့တာပါ။

စမတ်ဖုန်းဈေးကွက်စတင်ဖြစ်ပေါ်လာတဲ့အချိန်ကနေ ပြီးခဲ့တဲ့နှစ်ပိုင်းတွေအထိ 5G နက်ဝပ်သို့ ပြောင်းလဲမှုဟာ အရေးပါဆုံး ပြောင်းလဲမှုတွေထဲက တစ်ခုဖြစ်လာပြီး ၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်တွေမှာ မျိုးဆက်သစ်နက်ဝပ်ကို ကူးပြောင်းကြမှာ ဖြစ်ပါတယ်။ ဒီအချိန်ဟာ လက်ရှိဈေးကွက်ထဲက ထိပ်ဆုံးဝေစုကို ရယူထားတဲ့ ကုမ္ပဏီကြီးတွေအပြင် ဝင်ရောက်လာတာ နောက်ကျတဲ့ အမှတ်တံဆိပ်တွေအတွက်ပါ အခွင့်အရေးကောင်းတစ်ခုပါပဲ။

ZTE ဟာ ၂၀၂၀ ခုနှစ်အတွင်းမှာ 5G စမတ်ဖုန်းဆယ်လုံးကို ထုတ်လုပ်သွားမယ့်အပြင် အားလုံးက Flagship တွေ မဟုတ်ဘဲ ယွမ် ၂၀၀၀ အောက် (မြန်မာငွေလေးသိန်းသုံးသောင်းဝန်းကျင်) စမတ်ဖုန်းတွေပါ ပါဝင်လာမယ်လို့ ထပ်ပြောခဲ့ပါသေးတယ်။ ဒါဟာ Xiaomi ရဲ့ ၂၀၂၀ စီမံကိန်းနဲ့ တိုက်ရိုက်သွားတူနေပြီး ဈေးနှုန်းရော၊ 5G စမတ်ဖုန်း ဆယ်လုံး မိတ်ဆက်လာမယ်ဆိုတာပါ တူနေတာပါ။

Xu Feng ကတော့ လာမယ့်နှစ်မှာ 5G စမတ်ဖုန်း သန်း ၁၆၀ ထိ ဈေးကွက်ထဲ ဝင်ရောက်လာမှာဖြစ်ပြီး မျိုးဆက်သစ်နက်ဝပ်ကို ဦးဦးဖျားဖျားသုံးစွဲမယ့် တရုတ်နိုင်ငံဈေးကွက်ဟာ ဒီထဲက တစ်ဝက်ကျော်ကျော်ကို သုံးစွဲသွားလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

Ref – Gizmo China

Zawgyi

ZTE ဟာ လာမယ့္ ၂၀၂၀ ခုႏွစ္အတြင္း 5G အသုံးျပဳႏုိင္တဲ့ စမတ္ဖုန္း ဆယ္လုံးထိ ထုတ္လုပ္ေရာင္းခ်သြားဖို႔ ရည္ရြယ္ထားေၾကာင္း ထုတ္ေဖာ္ေျပာၾကားလာခဲ့ပါတယ္။ ကုမၸဏီအႀကီးအကဲ Xu Feng က သူတုိ႔ရဲ႕ ရည္မွန္းခ်က္ျဖစ္တဲ့ 5G လမ္းသစ္ထြင္သူတစ္ဦးအျဖစ္ အဓိက Mainstream ေစ်းကြက္ကို ဦးေဆာင္ဖို႔ကို ရွွင္းလင္းစြာေျပာၾကားခဲ့တာပါ။

စမတ္ဖုန္းေစ်းကြက္စတင္ျဖစ္ေပၚလာတဲ့အခ်ိန္ကေန ၿပီးခဲ့တဲ့ႏွစ္ပိုင္းေတြအထိ 5G နက္ဝပ္သို႔ ေျပာင္းလဲမႈဟာ အေရးပါဆုံး ေျပာင္းလဲမႈေတြထဲက တစ္္ခုျဖစ္လာၿပီး ၂၀၂၀ နဲ႔ ၂၀၂၁ ခုႏွစ္ေတြမွာ မ်ဳိးဆက္သစ္နက္ဝပ္ကို ကူးေျပာင္းၾကမွာ ျဖစ္ပါတယ္။ ဒီအခ်ိန္ဟာ လက္ရွိေစ်းကြက္ထဲက ထိပ္ဆုံးေဝစုကို ရယူထားတဲ့ ကုမၸဏီႀကီးေတြအျပင္ ဝင္ေရာက္လာတာ ေနာက္က်တဲ့ အမွတ္တံဆိပ္ေတြအတြက္ပါ အခြင့္အေရးေကာင္းတစ္ခုပါပဲ။

ZTE ဟာ ၂၀၂၀ ခုႏွစ္အတြင္းမွာ 5G စမတ္ဖုန္းဆယ္လုံးကို ထုတ္လုပ္သြားမယ့္အျပင္ အားလုံးက Flagship ေတြ မဟုတ္ဘဲ ယြမ္ ၂၀၀၀ ေအာက္ (ျမန္မာေငြေလးသိန္းသုံးေသာင္းဝန္းက်င္) စမတ္ဖုန္းေတြပါ ပါဝင္လာမယ္လို႔ ထပ္ေျပာခဲ့ပါေသးတယ္္။ ဒါဟာ Xiaomi ရဲ႕ ၂၀၂၀ စီမံကိန္္းနဲ႔ တုိက္ရုိက္သြားတူေနၿပီး ေစ်းႏႈန္းေရာ၊ 5G စမတ္ဖုန္း ဆယ္လုံး မိတ္ဆက္လာမယ္ဆုိတာပါ တူေနတာပါ။

Xu Feng ကေတာ့ လာမယ့္ႏွစ္မွာ 5G စမတ္ဖုန္း သန္း ၁၆၀ ထိ ေစ်းကြက္ထဲ ဝင္ေရာက္္လာမွာျဖစ္ၿပီး မ်ဳိးဆက္သစ္နက္ဝပ္ကို ဦးဦးဖ်ားဖ်ားသုံးစြဲမယ့္ တရုတ္္ႏုိင္ငံေစ်းကြက္ဟာ ဒီထဲက တစ္ဝက္ေက်ာ္ေက်ာ္ကို သုံးစြဲသြားလိမ့္မယ္လို႔ ခန္႔မွန္းထားပါတယ္။

Ref – Gizmo China