[Zawgyi]

စမတ္ဖုန္းေတြမွာ Notch ေတြထည့္ၿပီးသုံးလာတာဟာ ၂ ႏွစ္နီးပါးေလာက္ ရွိေတာ့မွာပါ။ ဒါေၾကာင့္ အခုအခ်ိန္မွာေတာ့ ကုမၸဏီေတြကေရာ၊ သုံးစြဲသူေတြကပါ Notch ယဥ္ေက်းမႈအစား Punch-hole ေတြဘက္ကို အာ႐ုံစိုက္ ဦးတည္ေနၾကျပန္တာကို ေတြ႕ျမင္ရမွာပါ။

ကမာၻ႔ စမတ္ဖုန္းေဈးကြက္ေဝစုကို ဦးေဆာင္ေနတဲ့ Samsung လိုကုမၸဏီမ်ိဳးကလည္း Punch-hole ယဥ္ေက်းမႈကို စိတ္ဝင္စားလာၿပီးတဲ့ေနာက္ ေဈးကြက္ထဲမွာ Punch-hole ေတြကို ပိုၿပီးေတာ့ မ်ားမ်ားစားစား ေတြ႕ျမင္ေနရၿပီပဲ ျဖစ္ပါတယ္။ တ႐ုတ္အေျခစိုက္ စမတ္ဖုန္းကုမၸဏီအခ်ိဳ႕က ေစာေစာစီးစီးပဲ Punch-hole ဒီဇိုင္းနဲ႔ စမတ္ဖုန္းေတြကို ထုတ္လုပ္ၾကတယ္ဆိုေပမယ့္ ဒီအထဲမွာ ZTE ေတာ့ ပါဝင္ျခင္း မရွိခဲ့ပါဘူး။

ၿပီးခဲ့တဲ့ရက္ကေတာ့ ZTE က Punch-hole ႏွစ္ခုနဲ႔ စမတ္ဖုန္း ဒီဇိုင္းကို မူပိုင္ခြင့္တင္ထားေၾကာင္း ေပၚေပါက္လာခဲ့ပါတယ္။ ZTE ရဲ႕ ဒီဇိုင္းပုံမွာ ျမင္ေတြ႕ရတာက စက္ဝိုင္းပုံစံ Punch-hole ႏွစ္ေပါက္က စမတ္ဖုန္းရဲ႕ အေပၚဘက္အလယ္ေနရာမွာ တည္ရွိေနၾကတာ ျဖစ္ပါတယ္။ ကင္မရာႏွစ္လုံးအနက္ တစ္လုံးက Wide-angle ဒါမွမဟုတ္ Depth sensor အတြက္ ျဖစ္မယ္လို႔ ခန႔္မွန္းရပါတယ္။

မူပိုင္ခြင့္တင္ထားတဲ့ ဒီဇိုင္းမွာေတာ့ ေအာက္ဘက္ Bezel ခပ္ထူထူနဲ႔ က်န္သုံးဖက္ကေတာ့ ခပ္ပါးပါး ျဖစ္တာကို ေတြ႕ရပါတယ္။ အေပၚဘက္မွာ နားေထာင္ေပါက္မေတြ႕ရသလို၊ ေက်ာဘက္မွာလည္း ကင္မရာႏွစ္လုံးစာ ေနရာအတြက္ ေတြ႕ရေပမယ့္ Fingerprint scanner အတြက္ ေနရာမေတြ႕ရပါဘူး။ ဒါေၾကာင့္ In-display fingerprint သုံးလာႏိုင္ဖြယ္ရွိတယ္လို႔ ေယဘုယ်အားျဖင့္ မွတ္ခ်က္ခ်ရမွာ ျဖစ္ပါတယ္။

ZTE ဟာ ၂၀၁၉ အတြက္ Flagship အျဖစ္ Axon 10 Pro ကို ထုတ္ၿပီးသား ျဖစ္တာေၾကာင့္ အခုျမင္ေတြ႕ရတဲ့ မူပိုင္ခြင့္ဒီဇိုင္းဟာ လာမယ့္ Mid-range ဖုန္းတစ္မ်ိဳးမ်ိဳးအတြက္လည္း ျဖစ္လာႏိုင္ပါတယ္။ ဒါေပမယ့္ အခုထိ ေပါက္ၾကားလာတာဆိုလို႔ မူပိုင္ခြင့္ ဒီဇိုင္းပဲရွိေသးတာေၾကာင့္ ေနာက္ထပ္အခ်က္အလက္ေတြကို ေစာင့္ဆိုင္းရဦးမွာ ျဖစ္ပါတယ္။

Ref: Phone Arena

[Unicode]

Punch-hole နှစ်ခုနဲ့ စမတ်ဖုန်းဒီဇိုင်းကို ZTE က မူပိုင်ခွင့်လျှောက်ထား

စမတ်ဖုန်းတွေမှာ Notch တွေထည့်ပြီးသုံးလာတာဟာ ၂ နှစ်နီးပါးလောက် ရှိတော့မှာပါ။ ဒါကြောင့် အခုအချိန်မှာတော့ ကုမ္ပဏီတွေကရော၊ သုံးစွဲသူတွေကပါ Notch ယဉ်ကျေးမှုအစား Punch-hole တွေဘက်ကို အာရုံစိုက် ဦးတည်နေကြပြန်တာကို တွေ့မြင်ရမှာပါ။

ကမ္ဘာ့ စမတ်ဖုန်းဈေးကွက်ဝေစုကို ဦးဆောင်နေတဲ့ Samsung လိုကုမ္ပဏီမျိုးကလည်း Punch-hole ယဉ်ကျေးမှုကို စိတ်ဝင်စားလာပြီးတဲ့နောက် ဈေးကွက်ထဲမှာ Punch-hole တွေကို ပိုပြီးတော့ များများစားစား တွေ့မြင်နေရပြီပဲ ဖြစ်ပါတယ်။ တရုတ်အခြေစိုက် စမတ်ဖုန်းကုမ္ပဏီအချို့က စောစောစီးစီးပဲ Punch-hole ဒီဇိုင်းနဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်ကြတယ်ဆိုပေမယ့် ဒီအထဲမှာ ZTE တော့ ပါဝင်ခြင်း မရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ရက်ကတော့ ZTE က Punch-hole နှစ်ခုနဲ့ စမတ်ဖုန်း ဒီဇိုင်းကို မူပိုင်ခွင့်တင်ထားကြောင်း ပေါ်ပေါက်လာခဲ့ပါတယ်။ ZTE ရဲ့ ဒီဇိုင်းပုံမှာ မြင်တွေ့ရတာက စက်ဝိုင်းပုံစံ Punch-hole နှစ်ပေါက်က စမတ်ဖုန်းရဲ့ အပေါ်ဘက်အလယ်နေရာမှာ တည်ရှိနေကြတာ ဖြစ်ပါတယ်။ ကင်မရာနှစ်လုံးအနက် တစ်လုံးက Wide-angle ဒါမှမဟုတ် Depth sensor အတွက် ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။

မူပိုင်ခွင့်တင်ထားတဲ့ ဒီဇိုင်းမှာတော့ အောက်ဘက် Bezel ခပ်ထူထူနဲ့ ကျန်သုံးဖက်ကတော့ ခပ်ပါးပါး ဖြစ်တာကို တွေ့ရပါတယ်။ အပေါ်ဘက်မှာ နားထောင်ပေါက်မတွေ့ရသလို၊ ကျောဘက်မှာလည်း ကင်မရာနှစ်လုံးစာ နေရာအတွက် တွေ့ရပေမယ့် Fingerprint scanner အတွက် နေရာမတွေ့ရပါဘူး။ ဒါကြောင့် In-display fingerprint သုံးလာနိုင်ဖွယ်ရှိတယ်လို့ ယေဘုယျအားဖြင့် မှတ်ချက်ချရမှာ ဖြစ်ပါတယ်။

ZTE ဟာ ၂၀၁၉ အတွက် Flagship အဖြစ် Axon 10 Pro ကို ထုတ်ပြီးသား ဖြစ်တာကြောင့် အခုမြင်တွေ့ရတဲ့ မူပိုင်ခွင့်ဒီဇိုင်းဟာ လာမယ့် Mid-range ဖုန်းတစ်မျိုးမျိုးအတွက်လည်း ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် အခုထိ ပေါက်ကြားလာတာဆိုလို့ မူပိုင်ခွင့် ဒီဇိုင်းပဲရှိသေးတာကြောင့် နောက်ထပ်အချက်အလက်တွေကို စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။

Ref: Phone Arena