[Zawgyi]

ၿပီးခဲ့တဲ့တစ္ပါတ္တုန္းကပဲ Axon 10 Pro ဟာ ZTE ရဲ႕ ပထမဆုံး 5G စမတ္ဖုန္း ျဖစ္လာႏိုင္တယ္ ဆိုတဲ့အေၾကာင္းကို ေရးသားေဖာ္ျပခဲ့ပါေသးတယ္။ ဒီတုန္းကေတာ့ ထြက္ေပၚလာတဲ့ သတင္းအခ်က္အလက္ေတြကို စုစည္း သုံးသပ္ၿပီး ခန႔္မွန္းေရးသားခဲ့ရတာပါ။

လက္ရွိက်င္းပေနတဲ့ MWC 2019 မွာေတာ့ ZTE ရဲ႕ Axon 10 Pro ဟာ ကုမၸဏီရဲ႕ ပထမဆုံး 5G စမတ္ဖုန္းျဖစ္တဲ့အေၾကာင္းကို တရားဝင္ေၾကညာခဲ့ၿပီ ျဖစ္ပါတယ္။ တ႐ုတ္နည္းပညာကုမၸဏီကေတာ့ ၂၀၁၉ ရဲ႕ 5G ႀကိဳးဝိုင္းထဲကို Axon 10 Pro နဲ႔အတူ ျပန္လည္ ဝင္ေရာက္လာခဲ့ပါၿပီ။

Axon 10 Pro ကို ၂၀၁၉ ရဲ႕ ပထမႏွစ္ဝက္အတြင္းမွာပဲ တ႐ုတ္နဲ႔ ဥေရာပႏိုင္ငံအခ်ိဳ႕ဆီ ျဖန႔္ခ်ိသြားမယ္လို႔လည္း သိရပါတယ္။ Axon 10 Pro ရဲ႕အေၾကာင္းကို စုံစုံလင္လင္ မသိရေသးေပမယ့္ ၿပီးခဲ့တဲ့ႏွစ္က Axon 9 Pro ထက္ အမ်ားႀကီး အဆင့္ျမင့္လာမယ္လို႔ေတာ့ ေမွ်ာ္လင့္ရပါတယ္။ ZTE ထုတ္ျပန္တဲ့ တရားဝင္ ႐ုပ္ပုံအရ Under-Display Fingerprint Scanner လည္း ပါဝင္မယ္လို႔ အတည္ျပဳႏိုင္ပါတယ္။

ZTE ဟာ ဒီပြဲမွာ Axon 10 Pro ရဲ႕ Specs ေတြအေၾကာင္းကို ျပည့္ျပည့္စုံစုံ မေျပာသြားေပမယ့္ 5G စမတ္ဖုန္း ျဖစ္တဲ့အေလ်ာက္ Qualcomm ရဲ႕ X50 5G Modem နဲ႔ Snapdragon 855 Processor ကို အသုံးျပဳထားမယ္လို႔ သတင္းႀကီးေနၿပီးသား ျဖစ္ပါတယ္။ SD 855 ကေတာ့ ထြက္ခဲ့ၿပီးတဲ့ Teaser အရ အတည္ျပဳႏိုင္ခဲ့ပါၿပီ။

9To5Google ရဲ႕ ေရးသားေဖာ္ျပခ်က္အရ Axon 10 Pro ဟာ 6.47-inch 2340 x 1080 AMOLED Display ျဖစ္မယ္လို႔ သိရပါတယ္။ Storage ကေတာ့ 128GB ျဖစ္ၿပီး RAM ကေတာ့ 6GB လို႔လည္း ဆိုထားပါတယ္။ ZTE ဟာ သူတို႔ရဲ႕ 5G စမတ္ဖုန္းဟာ Axon 10 Pro ျဖစ္တယ္ဆိုတဲ့အေၾကာင္းကလြဲၿပီး ေဈးႏႈန္းကိုေတာင္ ထုတ္ေဖာ္ေျပာမသြားခဲ့တာပဲ ျဖစ္ပါတယ္။

Ref: The Verge

[Unicode]

Axon 10 Pro ဟာ ZTE ရဲ့ ပထမဆုံး 5G စမတ်ဖုန်းဖြစ်လာ

ပြီးခဲ့တဲ့တစ်ပါတ်တုန်းကပဲ Axon 10 Pro ဟာ ZTE ရဲ့ ပထမဆုံး 5G စမတ်ဖုန်း ဖြစ်လာနိုင်တယ် ဆိုတဲ့အကြောင်းကို ရေးသားဖော်ပြခဲ့ပါသေးတယ်။ ဒီတုန်းကတော့ ထွက်ပေါ်လာတဲ့ သတင်းအချက်အလက်တွေကို စုစည်း သုံးသပ်ပြီး ခန့်မှန်းရေးသားခဲ့ရတာပါ။

လက်ရှိကျင်းပနေတဲ့ MWC 2019 မှာတော့ ZTE ရဲ့ Axon 10 Pro ဟာ ကုမ္ပဏီရဲ့ ပထမဆုံး 5G စမတ်ဖုန်းဖြစ်တဲ့အကြောင်းကို တရားဝင်ကြေညာခဲ့ပြီ ဖြစ်ပါတယ်။ တရုတ်နည်းပညာကုမ္ပဏီကတော့ ၂၀၁၉ ရဲ့ 5G ကြိုးဝိုင်းထဲကို Axon 10 Pro နဲ့အတူ ပြန်လည် ဝင်ရောက်လာခဲ့ပါပြီ။

Axon 10 Pro ကို ၂၀၁၉ ရဲ့ ပထမနှစ်ဝက်အတွင်းမှာပဲ တရုတ်နဲ့ ဥရောပနိုင်ငံအချို့ဆီ ဖြန့်ချိသွားမယ်လို့လည်း သိရပါတယ်။ Axon 10 Pro ရဲ့အကြောင်းကို စုံစုံလင်လင် မသိရသေးပေမယ့် ပြီးခဲ့တဲ့နှစ်က Axon 9 Pro ထက် အများကြီး အဆင့်မြင့်လာမယ်လို့တော့ မျှော်လင့်ရပါတယ်။ ZTE ထုတ်ပြန်တဲ့ တရားဝင် ရုပ်ပုံအရ Under-Display Fingerprint Scanner လည်း ပါဝင်မယ်လို့ အတည်ပြုနိုင်ပါတယ်။

ZTE ဟာ ဒီပွဲမှာ Axon 10 Pro ရဲ့ Specs တွေအကြောင်းကို ပြည့်ပြည့်စုံစုံ မပြောသွားပေမယ့် 5G စမတ်ဖုန်း ဖြစ်တဲ့အလျောက် Qualcomm ရဲ့ X50 5G modem နဲ့ Snapdragon 855 processor ကို အသုံးပြုထားမယ်လို့ သတင်းကြီးနေပြီးသား ဖြစ်ပါတယ်။ SD 855 ကတော့ ထွက်ခဲ့ပြီးတဲ့ Teaser အရ အတည်ပြုနိုင်ခဲ့ပါပြီ။

9To5Google ရဲ့ ရေးသားဖော်ပြချက်အရ Axon 10 Pro ဟာ 6.47-inch 2340 x 1080 AMOLED display ဖြစ်မယ်လို့ သိရပါတယ်။ Storage ကတော့ 128GB ဖြစ်ပြီး RAM ကတော့ 6GB လို့လည်း ဆိုထားပါတယ်။ ZTE ဟာ သူတို့ရဲ့ 5G စမတ်ဖုန်းဟာ Axon 10 Pro ဖြစ်တယ်ဆိုတဲ့အကြောင်းကလွဲပြီး ဈေးနှုန်းကိုတောင် ထုတ်ဖော်ပြောမသွားခဲ့တာပဲ ဖြစ်ပါတယ်။

Ref: The Verge