ပြင်သစ် မီးရထား ကုမ္ပဏီ SNCF က ရထားလမ်းမှာ Solar Panel တွေ တပ်ဆင်အသုံးပြုဖို့ ကြိုးစားနေပါတယ်။ SNCF ရဲ့ လက်အောက်က AREP က ထုတ်လုပ်ထားတဲ့ Solar Panel တွေကို အသုံးပြုမှာ ဖြစ်ပါတယ်။

Solveig စီမံကိန်းလို့ အမည်ပေးထားပြီး ဇန်နဝါရီလ ၁၇ ရက်နေ့မှာ စီမံကိန်းကို စတင်ခဲ့ပါတယ်။ ပြင်သစ် မြောက်-အလယ်ပိုင်း Yvelines ဌာနမှ Acheres ရထားလမ်းကြောင်းမှာ စမ်းသပ်တပ်ဆင်ထားပါတယ်။ အင်ဂျင်နီယာတွေက Acheres Technical Center မှာ Solar Panel ၈ ချပ် တပ်ဆင်ခဲ့ပါတယ်။ နောက် ၆ လအတွင်း Solar Panel တွေဟာ တည်မြဲမလားဆိုတာ စမ်းသပ်ကြမှာ ဖြစ်ပါတယ်။

French railway company tests rail-mounted solar-plus-storage plant for  works sites - Energy Storage

စမ်းသပ်မှု အောင်မြင်ရင် AREP ရဲ့ Solar Mapping Project နဲ့ မီးရထားလမ်း အမြောက်အများမှာ တပ်ဆင်မှာ ဖြစ်ပါတယ်။ အဲဒီကနေ ရလာတဲ့ လျှပ်စစ်ဓါတ်အားကို SNCF ရဲ့ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းတွေမှာ အသုံးပြုမှာ ဖြစ်ပါတယ်။

SNCF ရဲ့ ရထား ၈၀ ရာခိုင်နှုန်းဟာ လျှပ်စစ်ရထားတွေ ဖြစ်တဲ့အတွက် Solveig စီမံကိန်း ကနေ ရလာတဲ့ လျှပ်စစ်ဓါတ်အားတွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Ref : yahoo