ထိုင်ဝမ် ဆေးရုံတွေမှာ Foxconn နဲ့ Nvidia က တီထွင်ထားတဲ့ Nurabot အမည်ရ AI စက်ရုပ် သူနာပြုတွေ အလုပ်လုပ်နေပါပြီ။ အဲဒီ စက်ရုပ်တွေက ဆေးဝါး သယ်ယူပို့ဆောင်တာ၊ ဆေးရုံက Ward တွေမှာ လှည့်လည် စစ်ဆေးတာနဲ့ ဧည့်သည်တွေကို လမ်းညွှန်တာတွေ ပြုလုပ်နေကြပြီး လူသား သူနာပြုတွေကို ၃၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်ပါတယ်။
Nurabot နဲ့ တခြား စမတ် ဆေးရုံ Tools တွေကို Nvidia နည်းပညာတွေကနေ ထည့်သွင်းထားပြီး စူပါကွန်ပြူတာတွေနဲ့ AI Model တွေကို လေ့ကျင့်သင်ကြားပေးထားပါတယ်။ အဲဒီအတွက် စက်ရုပ်တွေဟာ ဆေးရုံရဲ့ သဘောသဘာဝကို နားလည်ပြီး အဆင်ပြေစွာ အလုပ်လုပ်နိုင်ပါတယ်။ လူနာတွေကို စောင့်ရှောက်ရာမှာလည်း ကျွမ်းကျင်ပါတယ်။ ထိုင်ဝမ်ရဲ့ ထိပ်တန်း ဆေးရုံ ဖြစ်တဲ့ Taichung Veterans အထွေထွေဆေးရုံ အပါအဝင် တခြား ဆေးရုံတွေမှာ စက်ရုပ် သူနာပြုတွေကို အသုံးပြုနေကြပါတယ်။
စက်ရုပ် သူနာပြုတွေဟာ လူသား သူနာပြုတွေရဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးနိုင်ပြီး ကျန်းမာရေး စောင့်ရှောက်မှုကို ပိုမို အာရုံစိုက်နိုင်ပါတယ်။ စက်ရုပ် သူနာပြုတွေမှာ ဘာသာစကားများစွာ ပြောနိုင်တဲ့ စွမ်းရည်နဲ့ Facial Recognition နည်းပညာတွေကို အနာဂတ်မှာ ထည့်သွင်းပေးဖို့ စီစဉ်ထားပါတယ်။
Ref : Fossbytes