Texas ပြည်နယ်မှာ ပြီးခဲ့တဲ့ ခရစ္စမတ်နေ့က ဖခင်ဖြစ်သူတစ်ဦးဟာ ပြန်ပေးဆွဲခံလိုက်ရတဲ့ ၁၅ နှစ်အရွယ် သမီးဖြစ်သူကို ဖုန်းထဲမှာ ထည့်သွင်းထားတဲ့ Parental Controls နည်းပညာကို အသုံးပြုပြီး အချိန်မီ ပြန်လည်ကယ်တင်နိုင်ခဲ့ပါတယ်။

ဖြစ်စဉ်ကတော့ Porter မြို့မှာ သမီးဖြစ်သူဟာ ခွေးကျောင်းနေစဉ် လူတစ်စုက ဓားထောက်ပြီး Pickup ကားပေါ် အတင်းအဓမ္မ ဆွဲတင်ခေါ်ဆောင်သွားခဲ့တာပါ။ ညနေ ၄ နာရီ ၅၀ မိနစ်လောက်မှာ ပြန်ပေးဆွဲခံရတာဖြစ်ပြီး ဖခင်ဖြစ်သူက သမီးရဲ့ဖုန်း GPS တည်နေရာကို ချက်ချင်း ခြေရာခံကြည့်ရှုခဲ့ပါတယ်။ ဖုန်းရဲ့ တည်နေရာဟာ အခင်းဖြစ်ပွားရာနဲ့ ၂ မိုင်လောက်ဝေးတဲ့ လူပြတ်တဲ့ နေရာတစ်ခုကို ရောက်ရှိနေတာ တွေ့ခဲ့ရပါတယ်။

ဖခင်ဖြစ်သူ အဲဒီနေရာကို ရောက်သွားတဲ့အခါ အသက် ၂၃ နှစ်အရွယ် Giovanni Rosales Espinoza ဆိုသူနဲ့အတူ မရမ်းရောင် Pickup ကားတစ်စီးပေါ်မှာ သမီးဖြစ်သူကို တွေ့ရှိခဲ့တာပါ။ ဖခင်ဖြစ်သူဟာ သမီးဖြစ်သူကို ဘေးကင်းအောင် အရင်ဆုံး ကယ်ထုတ်နိုင်ခဲ့ပြီး အဲဒီနောက်မှာ ရဲကို အကြောင်းကြားခဲ့ပါတယ်။

Montgomery County Sheriffs Office arrests man after kidnapping teenage girl  on Christmas

Sheriff Wesley Doolittle ကတော့ ဖခင်ဖြစ်သူရဲ့ လျင်မြန်ဖြတ်လတ်တဲ့ တုံ့ပြန်ဆောင်ရွက်မှုကို ချီးကျူးခဲ့ပြီး အခုလို ချက်ချင်း အရေးယူဆောင်ရွက်ခဲ့တာကြောင့် အန္တရာယ်ရှိတဲ့ တရားခံတစ်ယောက်ကို လူ့အသိုင်းအဝိုင်းထဲကနေ ဖယ်ရှားနိုင်ခဲ့တာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Ref : Fossbytes