ကမ္ဘာကျော် YouTuber တစ်ဦးဖြစ်တဲ့ MrBeast ဟာ Austin, Texas မှာရှိတဲ့ Open Bionics ဆေးခန်းအထိ သွားရောက်ပြီး ၁၂ နှစ်အရွယ် Kai Pollnitz ကို အံ့အားသင့်စရာ လက်ဆောင်တစ်ခု ပေးအပ်ခဲ့ပါတယ်။ ဒါကတော့ MrBeast တံဆိပ်နဲ့ Kai နာမည်ပါဝင်တဲ့ Hero PRO bionic လက်တုပဲ ဖြစ်ပါတယ်။

Kai ဟာ မွေးရာပါ ညာဘက်လက် မပါလာခဲ့သူပါ။ ကျောင်းမှာ သူများတွေလို ယုံကြည်မှုရှိရှိ နေနိုင်ဖို့နဲ့ နေ့စဉ်အလုပ်တွေကို လုပ်ကိုင်နိုင်ဖို့ လက်တုတစ်ခု အရမ်းလိုချင်ခဲ့ပါတယ်။ မိသားစုက ရန်ပုံငွေရှာဖွေဖို့ ကြိုးစားခဲ့ပေမယ့် အာမခံက လက်တုအတွက် ကုန်ကျစရိတ်ကို မပေးတာကြောင့် လက်လှမ်းမမီ ဖြစ်နေခဲ့ရတာပါ။

အခုတော့ MrBeast ရဲ့ ကျေးဇူးကြောင့် Kai ရဲ့ အိပ်မက်တွေ တကယ်ဖြစ်လာခဲ့ပါပြီ။ MrBeast လက်ဆောင်ပေးလိုက်တဲ့ ကြိုးမဲ့လက်တုဟာ ပေါင် ၅၅ အထိ မနိုင်တဲ့အပြင် ဒီလက်တုကြောင့် Kai ဟာ သူ့ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် လက်နှစ်ဖက်လုံးသုံးပြီး အလုပ်တွေကို လုပ်ဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။
Ref : Fossbytes